တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အာဆီ ယံတို့အကြား လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်မှုများမှာ ဆက်လက်တိုးတက်ဖြစ်ပေါ်နေကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လယ်ယာစိုက်ပျိုး ရေးနှင့် ကျေးလက်ရေးရာဌာနမှ ပြောရေးဆိုခွင့်ရှိသူများက ဩဂုတ်လ (၁၂)ရက်နေ့တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်ပါသည်။
ကွမ်ရှီးသည် ကြံသကြား ထုတ်လုပ်မှုနှင့် ပိုးစာပိုးမွေးမြူမှုကဲ့သို့ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍအချို့တွင် လုပ်ငန်းများအသုံးပြုသည့်ပမာဏကို ဉီးဆောင်ထုတ်လုပ်နိုင် သည့် ဒေသတစ်ခုဖြစ်ပါသည်။
၎င်းဒေသသည် အာဆီယံနိုင်ငံများကို တံခါးဖွင့်ပေးရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးအတွက် ရှေ့တန်းနေရာတစ်ခုဖြစ်လာပြီး၊ အရည်အသွေးမြင့် ဟင်းသီးဟင်းရွက် နှင့် ဆန်အမျိုးအစားပေါင်း (၇၅၀)ကျော်ကို စိုက်ပျိုးရန် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘော ဒီးယားနိုင်ငံများတွင် ပူးပေါင်းဆောင်ရွက်ရေးစမ်းသပ်ဇုန် (၂၂)ခု တည်ထောင်ထားပြီး ဖြစ်ပါ သည်။
ထို့ပြင် မလေးရှားနိုင်ငံနှင့် ဂေဟစနစ်လျော်ညီသည့် ပုစွန်မွေးမြူရေးနှင့် ဘရူနိုင်းနှင့် ဂေဟစနစ်လျော်ညီသည့် ကမာမွေးမြူရေးကဲ့သို့ ပို့ကုန်ကိုရှေးရှုသည့် ရေ လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ထားပါသည်။
ကွမ်ရှီးဒေသသည် အာဆီယံနိုင်ငံများနှင့် တရုတ်-ဗီယက်နမ်နယ်စပ် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ သိပ္ပံနှင့် နည်းပညာစင်္ကြံ၊ တရုတ်-လာအို သိပ္ပံနှင့် နည်းပညာ အခြေပြုသရုပ်ပြဇုန်၊ တရုတ် (ကွမ်ရှီး) - ကမ္ဘောဒီးယား (ဆီရမ်ရိ) လယ်ယာစိုက်ပျိုးရေး သိပ္ပံနှင့် နည်းပညာ သရုပ်ပြဇုန်ကဲ့သို့သော လယ်ယာစိုက်ပျိုးရေး နည်းပညာဆိုင်ရာ ဇုန်များကို ပူးတွဲတည်ထောင်ထားပါသည်။
ကွမ်ရှီးအစိုးရက ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသများ ခေတ်မီလာစေရေး အရှိန်မြှင့်တင်ဆောင်ရွက်မည့် စာတမ်းအရ ရေလုပ်ငန်းမွေးမြူရေးကဏ္ဍအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး အခြေပြု ဆောင်ရွက်မှုနှင့်အတူ တရုတ်နှင့် အာဆီယံတို့အကြား ခေတ်မီလယ်ယာစိုက်ပျိုးရေးဆိုင်ရာ သရုပ်ပြဇုန်များကို တည်ထောင်သွားမည်ဖြစ်ပါသည်။
ကွမ်ရှီးသည် အာဆီယံနိုင်ငံများနှင့်သာမက ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများနှင့်ပါ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်မှုများကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ရင်းမြစ်၊ en.gxzf.gov.cn (၁၉-၈-၂၀၂၁)
(ဒေါက်တာရွှေစင်ကို၊စီးပွားရေးသံမှူး)