Main menu

Background

မှန်မှန်လေး ရောင်းဝယ်နေတဲ့ မန်းမတ်ပဲ

Wed, 11/10/2010 - 06:57 -- Anonymous (not verified)

မှန်မှန်လေး ရောင်းဝယ်နေတဲ့ မန်းမတ်ပဲ     မန်းဈေးကွက်မှာမတ်ပဲကို ပဲခွဲစက်လုပ်ငန်းရှင်များမှသာ ဝယ်ယူမှုရှိနေ သလို ဈေးနှုန်းမှာလည်း အတက်အကျ မရှိဘဲ ဈေးငြိမ်ပြီး မှန်မှန်လေး အရောင်းအဝယ် ဖြစ်နေတာကို တွေ့ရပါတယ်။ ဈေးကွက်အတွင်းမှာ ပစ္စည်းလက်ကျန် နည်းလာသော်လည်း ရန်ကုန်ဝယ်လက်မှ ဝယ်လိုအားနည်းခြင်း၊ စက်သမားများမှလည်း ဝယ်လိုအားအသင့်အတင့် လောက် သာ ဝယ်ယူနေတဲ့အတွက် ဈေးငြိမ်နေ ခြင်းဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များက ဆိုပါတယ်။ ယခုတစ်ပတ် မှာလည်း အောက်တိုဘာလ နောက်ဆုံးပတ်အတိုင်း ဈေးနှုန်းသိသာစွာ ပြောင်းလဲမှု မရှိဘဲ မတ်ပဲတစ်ပိဿာ ၁၃၈၃ ကျပ်၊ တစ်တန် ၈၄၆၆၃၅ ကျပ်၊ ဈေးတို့နဲ့ ရောင်းဝယ်နေကြတာကို တွေ့ရပါတယ်။ ဈေးကွက်အတွင်း မတ်ပဲကို စက်သမားများ အဓိကထား ဝယ်ယူနေတဲ့အတွက် မှန်မှန်လေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။                                                                                                                                                    မိုးမိုးအေး