Main menu

Background

ဒီတစ်ပတ်ပဲတီစိမ်း တန် ၃ဝဝဝ ခန့်တင်ပို့မှုရှိ

Wed, 11/10/2010 - 06:59 -- Anonymous (not verified)

ဒီတစ်ပတ်ပဲတီစိမ်း တန် ၃ဝဝဝ ခန့်တင်ပို့မှုရှိ             ယခုတစ်ပတ် (အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်) အတွင်း ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန်ချိန် ၃ဝဝဝ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ အိန္ဒိယဝယ်လက်တချို့ရဲ့ အဝယ်အော်ဒါများအတွက် တင်ပို့မှုရှိနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ တစ်လလုံး ပဲတီစိမ်းတန်ချိန် ၁ဝဝဝဝ ကျော် တင်ပို့မှုရှိခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ၁၁ဝဝဝ ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ် အောက်တိုဘာလ တင်ပို့မှုနဲ့ နှိုင်းယှဉ်ရာမှာ တန်ချိန် ၂၅ဝဝဝ ခန့် ရှိခဲ့လို့ ထက်ဝက် ကျော် လျော့ကျတင်ပို့တာတွေ့ရပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အဝယ်နှေးတာကြောင့် ရန်ကုန် FOB ဈေးမှာလည်း နိုဝင်ဘာလ ၄ ရက်နေ့မှာ  FAQ (အညာ) တစ်တန်ကို ကန်ဒေါ်လာ ၉၃ဝ-၉၄ဝ ၊FAQ (ပခုက္ကူ) တစ်တန်ကို ကန်ဒေါ်လာ ၉၇ဝ-၉၈ဝ နဲ့ ပဲတီရွှေဝါအသေး တစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ-၁၂၂ဝ ဖြစ်ကြောင်း သိရပါတယ်။                                                                                                                                                MIRT - MAPT