ဆေးဝါးများကို စီမံခန့်ခွဲခြင်းသည် လူနာများနှင့် စောင့်ရှောက်သူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ မိသားစုများသည် ဆေးဝါးမျိုးစုံကို တစ်ပြိုင်တည် သုံးစွဲ သောက်သုံးရလေ့ရှိသည်။ လူနာတိုင်းတွင် မတူညီသော တစ်ခါသောက် ဆေးပမာဏ၊ ဆေးသောက်ရမည့် အကြိမ်ရေနှင့် ဆေး ပေးသည့်နည်းလမ်းတို့ ရှိနိုင်သည်။ ယင်းက အလွယ်တကူ ဒုက္ခပေးနိုင်သည်။ သို့ရာတွင် မိသားစုများအနေဖြင့် ဆေးဝါးများနှင့် ပတ် သက်၍ ကောင်းစွာ စီမံထိန်းချုပ်နိုင်မည့် နည်းလမ်း များရှိပါသည်။ ကလေး၏ ဆေးစာရင်းနှင့် ဆေးဝါးအချက်အလက်များကို အလွယ်တကူ အသုံးပြုနိုင်သည့်နည်းဖြင့် ဆေးဝါးအားလုံးကို မှတ်တမ်းရယူပြီး သိမ်းဆည်းထား ရမည်။ ဆေးဝါးအချက်အလက်များနှင့် ညွှန်ကြားချက်များကို စောင့်ရှောက်သူအား လုံးက ရယူအသုံး ပြုခွင့်ရှိရပါမည်။ မိသားစုအများစုသည် အချက်အလက်များကို စုစည်းပြီး လိုအပ်သောအခါ အလွယ် တကူ ရည်ညွှန်းကိုးကားနိုင်ရန်အတွက် ဖိုင်တွဲဖြင့်စနစ်တကျ သိမ်းဆည်းလိုကြသည်။ဆရာဝန် သို့မဟုတ် ဆေးဆိုင်သို့ သွားရောက်သည့်အခါတိုင်း ဆေးစာရင်းကို သင်နှင့်တစ်ပါတည်း ယူဆောင်ရန် သတိပြုရမည်ဖြစ်ပါသည်။ ညွှန်ကြား ချက်များကို ရှင်းရှင်းလင်းလင်း သဘောပေါက်အောင် စုံစမ်းမေးမြန်း ရမည်ဖြစ်ပြီး အောက်ပါအချက်များ အပါအဝင် ဆေးတစ်မျိုးစီအတွက် မည်သို့သောက်သုံးရမည် ဆိုသည့် တိကျသော ညွှန်ကြားချက်များကို ချရေး ထားရပါမည်။တစ်ခါသောက် ဆေးပမာဏ - ဆေးကို တစ်ကြိမ်လျှင် မည်မျှသောက်သုံး သင့်ပါသနည်း။ ဆေးကို မည်သို့တိုင်း တာသင့်သနည်း (ဆေးလုံး၊ ဆေးထိုးပြွတ်၊ ဆေးခွက်)။ လက်ဖက်ရည်ဇွန်းများ သို့မဟုတ် စားပွဲတင်ဇွန်းများကဲ့သို့ အိမ်သုံးတိုင်းတာရေးစနစ်များကို အသုံး မပြုမိရန် သတိပြုရပါ။ မည်။ ဆေးသောက်ရန် အချိန်ဇယား - ဆေးဝါးများကို တစ်နေ့တာအတွင်း မည်သည့် အချိန် များ၌ အကြိမ်ရေမည်မျှသောက်သုံးသင့်သနည်း။ဆေးသောက်ရန် တိကျသော ညွှန်ကြား ချက်များ - ဆေးကို မည်သို့သောက်သုံးသင့်သနည်း (အစာနှင့် သို့မဟုတ် အစာ မစားဘဲ၊ အိမ်ရာဝင်ချိန် မတိုင်မီ)။
ဆေးဝါးတစ်မျိုးစီအတွက် ပြန်လည်ဝယ်ယူဖြည့်ဆည်းမှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပတ် သက်၍ မေးမြန်းပါ။ သင့်ဆေးဝါးအချို့သည် ဘေးကင်းစိတ်ချရမှုအတွက် တိကျသော သတ် မှတ်ချက်များ၊ ဆေးကို အလွယ်တကူဝယ်ယူရရှိနိုင်မှု သို့မဟုတ် အခြားထည့်သွင်း စဉ်းစား ရန်အချက်များကြောင့် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်က ထပ်ဆောင်း ညွှန်ကြား ပေးရန် အဆင့်များကို လိုအပ်နိုင်သည်။ အထူးလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပတ်သက်၍ သင့်ဆရာ ဝန်နှင့် ဆေးဝါးပညာရှင်တို့နှင့် ဆွေးနွေးပြောဆိုပြီး ဆေးကို မည်သည့်အချိန်တွင် ပြန်လည် ဝယ်ယူဖြည့်တင်းရမည်ကို သိအောင်လုပ်ရပါမည်။ "သင့်တွင် ဆေးလုံး ၅ လုံးကျန်ရှိသောအခါ ဆေးဆိုင် ဖုန်းခေါ်ဆိုရန်" ကဲ့သို့သော ဆေးဝါးတစ်မျိုးစီအတွက် သီးခြားညွှန်ကြားချက်များကို ချရေးရပါမည်။ ညွှန်ကြားထားသည့် ဆေးဝါးတစ်မျိုးစီအတွက် ထိုဆေးဝါးကို မည်သို့သောက်သုံး ရမည်ဆိုသည့် သီးခြားညွှန်ကြားချက်များကို ချရေးရပါမည်။ မှတ်စုများတွင် တစ်ခါ သောက် ဆေးပမာဏ၊ ဆေးသောက်ရန် အချိန်ဇယားနှင့် ဆေးသောက်ရန် တိကျသော ညွှန်ကြားချက်များ ပါဝင်သင့်ပါသည်။ညွှန်ကြားထားသည့် ဆေးဝါးတစ်မျိုးစီအတွက် အခြေခံအချက်အလက်များကို ရရှိရန် အရေးကြီးပါသည်။ ဤသို့သိရှိခြင်း ဖြင့် အကျိုးကျေးဇူးများစွာ ရရှိစေနိုင် ပါသည်။ ဆေးမှားပေးမှု၊ ဆေးမှားသောက်မှုများ မဖြစ် အောင် ကာကွယ်တားဆီးရာတွင် အထောက် အကူဖြစ်စေသည်။မိသားစုနှင့် စောင့် ရှောက်ရေးအဖွဲ့အကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို တိုးမြင့်ဖြစ် ပေါ်စေပါ သည်။ ကုသမှု အစီအစဉ်အတွင်း လူနာများနှင့် မိသား စုများ အနေဖြင့် ကုသမှုတွင် ပါဝင်နိုင်ပြီး ကုသမှုနှင့် ပတ်သက်၍ စီမံဆုံးဖြတ်ခွင့် ရရှိနိုင်ပါသည်။
အရွယ်ကြီးသော ကလေးများနှင့် ဆယ်ကျော်သက်အရွယ်ကလေးများသည် အသက် အရွယ်အလိုက်၊ ဆေးကုသရေးနည်းနာအရ သင့်တော်သောနည်းများဖြင့် ဆေးဝါးများ ကိုစီမံခန့်ခွဲရာတွင် ပါဝင် ဆောင်ရွက်ရန် သင်ယူနိုင်ကြပါသည်။ ဆေးဝါးအမည် - ဤဆေး ဝါး၏ တံဆိပ်နှင့် အများခေါ်အမည်ကို ဖော်ပြပြီး ဆေးဝါးများကို နာမည်အမျိုးမျိုး တပ်၍ ခေါ်ဝေါ်လေ့ရှိကြပါသည်။ ဆေးဘူး၏ ဆေးညွှန်းပေါ်တွင် ပြသထားသည့် ဆေး အမည်ကို သိရှိ ထားရပါမည်။ ဆေးဝါးများကို "အဝါရောင်ဆေးလုံး" သို့မဟုတ် "ဟိုက်ဒရိုစာလုံးနှင့် အစပြုသည့်ဆေး" စသည်ဖြင့် မရည်ညွှန်းပါနှင့်။ ဆေးဝါးအများစုသည် အသွင်တူပြီး ဆင်တူသော နာမည်များရှိကြပါသည်။ ဆေးဝါးတစ်မျိုးစီ၏ တိကျသောအမည်ကို သိရှိခြင်းသည် မရေမရာဖြစ်မှုနှင့် အမှားအယွင်းများ မဖြစ်ပေါ်စေရန် အထောက် အကူပြုစေ နိုင်ပါသည်။
အများစုသည် အသွင်တူပြီး ဆင်တူသောနာမည်များရှိကြပါသည်။ ဆေးဝါး တစ်မျိုးစီ၏ တိကျသောအမည်ကို သိရှိခြင်းသည် မရေမရာဖြစ်မှုနှင့် အမှားအယွင်း များ မဖြစ်ပေါ် စေရန် အထောက်အကူပြုစေနိုင်ပါသည်။
ဆေးဝါး၏ ရည်ရွယ်ချက် – ဤဆေးဝါးကို မည်သည့်အတွက် အသုံးပြုရသနည်း။ ဆေးဝါးတစ်မျိုးစီသည် မည်သို့လုပ်ဆောင်ပြီး မည်သည့်အတွက် သောက်သုံးရန် ညွှန်ကြားကြောင်းကို သိရှိရမည်။ ဥပမာအားဖြင့် ဤဆေးဝါးသည် ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါး သို့မဟုတ် အကိုက်အခဲပျောက်ဆေး သို့မဟုတ် ပဋိဇီဝဆေး ဖြစ်ပါသလား။ ဆေးဝါးတိုင်းကို မည်သည့်အတွက် အသုံးပြုသည်ကို နားလည်ခြင်းက မိသားစုများအား စောင့်ရှောက်မှုအဖွဲ့၊ ဆေးဝါးပညာရှင်တို့နှင့် ဆက်သွယ်ဆောင်ရွက်ရာ တွင် အထောက်အကူပြုပေးနိုင်သည်။ ဆေးဝါး ကို မည်သည့်အတွက် လိုအပ်ကြောင်းကို သိရှိခြင်းကလည်း ဆေးဝါးဆိုင်ရာ လိုက်နာရမည့် အချက်များ (ဆေးကို သောက်ရမည့် အချိန်နှင့် မည်သို့သောက်ရမည်) ကို ပိုမိုသိရှိစေနိုင်ပါသည်။ ဆေးဝါးများ၏ လုပ်ဆောင်ပုံ သိရှိခြင်းကလည်း ဆေးဝါးအချင်းချင်း တုံ့ပြန်မှုများဖြစ်ပေါ်ခြင်း သို့မဟုတ် ဆေးဝါး သောက်သုံးမှုလွန်ကဲခြင်းတို့ကဲ့သို့ဆေးဝါးနှင့် ဆက်စပ်သော အန္တရာယ် များကို ကာ ကွယ်တားဆီးရာတွင် အထောက်အကူပြုစေနိုင်ပါသည်။
ဤဆေးဝါး၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ မည်သည် တို့ဖြစ် သနည်း။ ဆေးဝါးများတွင် ဘေးထွက်ဆိုးကျိုးများစွာကို ဖော်ပြထားသော စာရင်း ပါဝင်လေ့ရှိသည်။ အချို့မှာ ဖြစ်နိုင်ခြေအလွန်မြင့်မားပြီး အချို့မှာ ရံဖန်ရံခါ မှသာ ဖြစ်ပွားနိုင်သည်။ ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို သိရှိထားခြင်း က မိသားစုများအနေဖြင့် ဆေးဝါးတုံ့ပြန်မှုများကို စောင့်ကြည့်ရာတွင် အထောက် အကူဖြစ်စေပြီး ရောဂါလက္ခဏာများကို စောစီးစွာ တွေ့မြင်စေနိုင်ပါသည်။ သွင်ပြင်ပုံစံ - ဤဆေးဝါးသည် မည်သည့်ပုံစံနှင့် အသွင်တူသနည်း။ ဆေးဝါးတစ်မျိုးစီ၏ သွင်ပြင် ကို သိရှိခြင်းအားဖြင့် ဆေး၊ ဆေးပေးခြင်းဆိုင်ရာ အမှားအယွင်းများကို ကာကွယ် တားဆီးရာတွင် အထောက်အကူဖြစ်စေသည်။ ဆေးအကြောင်း ဖော်ပြချက်ကို ချရေးပါ သို့မဟုတ် သင့်ဆဲလ်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူပါ။ သင့်ဆေးဝါးများသည် ပုံမှန်မဟုတ် သော သွင်ပြင် သို့မဟုတ် အရသာထွက်ပါက သင်၏ ဆေးဝါးပညာရှင်နှင့် ဆက် သွယ် မေးမြန်းရပါမည်။ ၎င်းသည် ဆေးတစ်မျိုးတစ်စားတည်းဖြစ်သော်လည်း ခြားနားစွာ ဖော်စပ်ထုတ်လုပ်ထားခြင်းဖြစ်နိုင်သည်။ သို့မဟုတ် အမှားအယွင်း တစ်ခုလည်း ဖြစ်နိုင် သည်။ အမြဲတမ်း မေးခွန်းများမေးမြန်းသင့်ပြီး ဘေးကင်း စိတ်ချရအောင် လုပ်ဆောင် သင့်ပါသည်။
ဆေးဝါးများကို မည်သို့သိမ်းဆည်းရမည်နည်း။ အချို့ဆေးဝါးများကို ရေခဲ သေတ္တာ အတွင်း သိမ်းဆည်းသင့်ပါသည်။ အခြားဆေးဝါးများကိုမူ အခန်းအပူချိန်၌ သိမ်း ဆည်းသင့် ပါသည်။ ရေချိုးခန်းများကဲ့သို့ စိုထိုင်းဆမြင့်မားသော နေရာများတွင် ဆေးဝါး များကို သိမ်း ဆည်းခြင်း မပြုပါနှင့်။ အချို့ဆေးဝါးများသည် ၎င်းတို့အား ပြင်ဆင်ပြီး သည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ သက်တမ်းကုန်ဆုံးသွားနိုင်ပါသည်။ ဆေးဝါးများ၏ မူလရည်ရွယ်ရင်း အာနိ သင်များ ပျောက်ဆုံးမသွားစေရန် သိမ်းဆည်းမှုညွှန်ကြားချက်များ ကို လိုက်နာ ဆောင် ရွက်ရပါမည်။ဆေးဝါးများကို ကလေးများနှင့် ဝေးရာတွင် ထားရပါမည်။ အသုံးမပြု တော့သော ဆေးဝါးများအား မည်သို့စွန့်ပစ်ရမည်ကို ဆေးဝါး ပညာရှင် အားမေးမြန်းရပါမည်။
အခြားကြိုတင် ကာကွယ်ရန်အချက်များ ဆေးဝါးအတွက်ဘေးကင်း စိတ်ချရမှု ဆိုင်ရာ အခြားအထူးလုပ်ဆောင်ချက်များ ရှိပါသလား။ ကီမိုဆေးသွင်းခြင်း ကုထုံးကဲ့သို့ အချို့ဆေး ဝါးများသည် စောင့်ရှောက်သူများအပေါ် အန္တရာယ်ကျရောက် နိုင် သည်။ ဘေးကင်းစိတ်ချရမှုရှိစွာ ကိုင်တွယ်ဆောင်ရွက်ရန် ညွှန်ကြားချက်များကို လိုက် နာဆောင်ရွက်ရပါမည်။ အဆိုပါ ညွှန်ကြားချက်များတွင် လက်အိတ်များ ဝတ်ဆင် ်ခြင်း၊ ဆေးနှင့် ဆေးကုသမှုပစ္စည်းများကို ကောင်းစွာ စွန့်ပစ်ခြင်းအပြင် လူနာ၏ ခန္ဓာကိုယ်မှ ထွက်သောအရည်များနှင့် မထိမိစေရန် ရှောင် ကြဉ်ခြင်း တို့ ပါဝင်ပါသည်။
ဆေးဝါးအချင်းချင်း တုံ့ပြန်မှုများဖြစ်ပေါ်ခြင်း ဤဆေးဝါးကို သောက်သုံး သည့် အခါ အချို့သော အစားအစာများ၊ ဖြည့်စွက်ဆေးဝါးများ သို့မဟုတ် ဆေးဆိုင်မှ အလွယ် တကူ ဝယ်ယူရရှိသောဆေးများကို ရှောင်ကြဉ်သင့်ပါသလား။ ဆေးဝါး အချင်းချင်း တုံ့ပြန်မှုများ ဖြစ်ပေါ်ခြင်းသည် ဆေးဝါးအား အနှောက်အယှက်ဖြစ်ပေါ်စေနိုင်ပြီး အာနိ သင်ထိရောက်မှုကို လျော့နည်း ကျဆင်းစေသည်။ ဆေးဝါးအချင်းချင်း တုံ့ပြန်မှုဖြစ်ပေါ်ခြင်း သည် လူနာ များအတွက် ဆိုးရွားပြင်းထန်သည့် အန္တရာယ်က ိုဖြစ်စေနိုင်ကြောင်း တင်ပြလိုက် ရပါသည်။
(ငြိမ်းဝေနှင်း) စားသုံးသူ ရန်ကုန်
ကိုးကားချက် _ ၂၀၁၉ ကျန်းမာရေးစာစောင်