Main menu

Background

မန္တလေး ဝယ်လက်သွက်တဲ့ မုံရွာပဲတီစိမ်း

Wed, 11/10/2010 - 07:16 -- Anonymous (not verified)

 မန္တလေး ဝယ်လက်သွက်တဲ့ မုံရွာပဲတီစိမ်း              မုံရွာနယ်တစ်ဝိုက်မှာ ဈေးကွက်မျှော်လင့်ချက်နဲ့ စိုက်ခဲ့ကြတဲ့ ပဲတီစိမ်းတွေ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း မုံရွာ ကုန်စည်ဒိုင်မှာ နယ်စုံက တင်း ၂ သောင်းခန့်ဝင်ရောက်ခဲ့ပြီး မန္တလေးလက်အများဆုံးဝယ်ယူခဲ့ကာ တင်း တစ်သောင်းခန့် ရှိတယ်လို့ သိရှိရပါတယ်။ အောက်တိုဘာလ မုံရွာပဲတီစိမ်းဈေးကွက်မှာ တစ်တင်း အနိမ့်ဆုံးအောက်စ ၂ဝ၃ဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၅ဝဝ ကျပ်ထိရရှိခဲ့ပြီး ၊ ထိပ်စတစ်တင်းအနိမ့်ဆုံး ၂၄ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၈ဝဝဝ ကျပ်ထိ ရရှိခဲ့တာတွေ့ရ ပါတယ်။ နိုဝင်ဘာလဆန်းမှာတော့ အောက်စတစ်တင်း ၂၂ဝဝဝ ကျပ်၊ ထိပ်စ တစ်တင်း ၂၆၅ဝဝ ကျပ်နဲ့ အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ ပဲတီစိမ်းကြီးဈေးကွက် ဈေးအတက်အကျဟာ မန္တလေးအဆွဲကို ဆက်လက်အားပြုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။                                                                                                                             ထွန်းလှိုင်