Main menu

Background

မန်းပဲတီစိမ်း တရုတ်ဝယ်လိုအား ဆက်ရှိ

Wed, 11/10/2010 - 07:19 -- Anonymous (not verified)

မန်းပဲတီစိမ်း တရုတ်ဝယ်လိုအား ဆက်ရှိ            ယခုတစ်ပတ် မန်းဈေးကွက်တွင် ပဲတီစိမ်းကို တရုတ်ဝယ်လက်မှ ဝယ်လိုအားရှိလာတဲ့အတွက် အရောင်းအဝယ် သွက်လာတာကို တွေ့ရပါတယ်။ ယခင်အပတ်မှာ ဈေးအနည်းငယ်အေးခဲ့ပေမဲ့ ယခုတစ်ပတ်မှာ တော့ ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၅၆၄ ကျပ်၊ လတ်စ ၁၄၂ဝ ကျပ်၊ အောက်စ ၁၁၅၅ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ ဈေးကွက်အတွင်း မှာ အရည်အသွေးကောင်းပစ္စည်းများနည်းလာပြီး ပဲတီစိမ်းလတ်စ ၃ တင်းတစ်အိတ်ကို ၇၅ဝဝဝ ကျပ်၊ ၈ဝဝဝဝ ကျပ်ဈေးတို့ဖြင့် သာ အများဆုံးအရောင်းအဝယ်ဖြစ်ကြပါတယ်။ ရန်ကုန်ဝယ်လက်တို့မှလည်း ဝယ်ယူမှုရှိသလို ပဲခွဲစက်သမားများမှလည်း အရည်အသွေးနိမ့် ပစ္စည်းများကို ဝယ်ယူနေကြပါတယ်။ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း တရုတ်သို့ ၄ဝဝဝ တန်၊ ရန်ကုန်သို့ ၄၆ဝ တန် တင်ပို့မှု ရှိခဲ့သလို တရုတ်ဝယ်လိုအား ကောင်းနေခြင်း၊ ရန်ကုန်ဝယ်လက်နှင့် ပဲခွဲစက်လုပ်ငန်းရှင်များမှပါ ဝယ်ယူမှုရှိနေ တဲ့အတွက် အရောင်းသွက် ဈေးမြင့်နေဦးမယ်လို့ ကုန်သည်များက ပြောဆိုနေကြကြောင်း သိရပါတယ်။                                                                                                                                     ကျော်ကျော်မိုး