Main menu

Background

ဒီပါဝလီပွဲတော်အတွက် အဝယ်အနည်းငယ်ရှိလို့ ကုလားပဲဈေးမြင့်တက်

Wed, 11/10/2010 - 07:30 -- Anonymous (not verified)

ဒီပါဝလီပွဲတော်အတွက် အဝယ်အနည်းငယ်ရှိလို့ ကုလားပဲဈေးမြင့်တက်         အိန္ဒိယဈေးကွက်အများစုမှာ အစောပိုင်းရက်များက ကုလားပဲအပါအဝင် ပဲမျိုးစုံဝယ်လိုအားနည်းတာကြောင့် အရောင်းအဝယ်အေးတဲ့အတွက် ကုလားပဲဈေး မှာ တစ်တန်ကို ရူပီး ၂၁၅ဝဝ -၂၁၆ဝဝ (ကန်ဒေါ်လာ ၄၈၅-၄၈၇) နဲ့ ငြိမ်နေခဲ့ပါ တယ်။ ဒါပေမဲ့ ဒီပါဝလီပွဲတော်နီးကပ်လာပြီဖြစ်လို့ အဝယ်အနည်းငယ်ရှိလာတဲ့ အတွက် အရောင်းအဝယ်သွက်ပြီး တစ်တန်ကို ရူပီး ၂၁၇၅ဝ (ကန်ဒေါ်လာ ၄၉၁) ကို အနည်းငယ်တိုးတက်ခဲ့တယ်လို့ သိရပါတယ်။             ဒါ့အပြင် ဝယ်လိုအားခိုင်မာလာတဲ့အတွက် ကုလားပဲကြိုပွိုင့်ရောင်းဝယ်မှု ကလည်း ဆက်လက်အား ကောင်းလာခဲ့ပါတယ်။NCDEX ကုန်စည်ဒိုင်မှာ နိုဝင်ဘာလ စာချုပ်ဈေးဟာ တစ်တန်ကို ရူပီး ၃ဝဝ (ကန်ဒေါ်လာ ၆ ဒသမ ၇၇) မြင့်တက်ပြီး ရူပီး ၂၄၁၇ဝ (ကန်ဒေါ်လာ ၅၄၅) ဈေးဖြစ်ခဲ့ပါတယ်။ ကုလားပဲ ကြိုပွိုင့်ဈေးမြင့်တက်ရတဲ့ အကြောင်းရင်းတွေထဲမှာ သြစတြေးလျနဲ့ ကနေဒါတို့မှာ ပဲအထွက်လျော့ကျမယ့် မျှော်လင့်ချက်ကလည်း တစ်ချက်ဖြစ်တယ်လို့ သိရပါတယ်။              ကုန်သွယ်ရေးကျွမ်းကျင်ရှင်များရဲ့ ပြောကြားချက်အရ ယခုနှစ် ပဲအထွက်မြင့်တက်ဖွယ်ရှိတယ် ဆိုပေမဲ့ ကုလားပဲစိုက်ပျိုးရေး တိုးတက်မှု နှေးကွေး ခြင်းနဲ့ အခြားသီးနံှများကို ပြောင်းလဲစိုက်ပျိုးဖွယ်ရှိခြင်းတို့ကြောင့်လည်း ဈေးမြင့်တက် ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ရာသီမှာ ကုလားပဲတန်ချိန် ၇ ဒသမ ၆ သန်း ခန့် ထွက်ရှိမယ်လို့ ခန့်မှန်းထားပြီး ၂ဝဝ၉-၂ဝ၁ဝ မှာ တန်ချိန် ၇ ဒသမ ၃၅ သန်းထွက်ရှိခဲ့တယ်လို့ သိရပါတယ်။                                                                                                             ယမင်းခင်၊ှSources: thehindunbusiness