Main menu

Background

ပြည်တွင်းလက်ကျန်နည်းလို့ မြေထောက်ပဲ တင်ပို့မှုလျော့

Wed, 11/10/2010 - 07:33 -- Anonymous (not verified)

 ပြည်တွင်းလက်ကျန်နည်းလို့ မြေထောက်ပဲ တင်ပို့မှုလျော့           ယခုတစ်ပတ် (အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်)အတွင်း ပြည်တွင်းမှာ လက်ကျန်နည်းနေပြီ ဖြစ်တဲ့ မြေထောက်ပဲ တင်ပို့မှုဟာတန်ချိန် ၂ဝဝ ဝန်းကျင်ကိုလျော့ကျလာခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တန် ၈ဝဝ ၊ ၄ဝဝ စီတင်ပို့ခဲ့ရာမှ ယခုတစ်ပတ်မှာ ဆက်လက်ကျဆင်းခဲ့ပါတယ်။ အောက်တိုဘာလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၁၇ဝဝ ကျော်ရှိလို့ စက်တင်ဘာလမှာ တင်ပို့ခဲ့တဲ့ တန်ချိန် ၇ဝဝ ထက် သိသိသာသာပိုခဲ့သလို ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ တင်ပို့မှုတန်ချိန် ၉၅ဝ ခန့်ထက်လည်း ပိုမိုတာတွေ့ရပါတယ်။ နိုင်ငံတကာကို မြေထောက်ပဲအများဆုံးတင်ပို့နေတဲ့ တရုတ်က အထွက်လျော့ တာကြောင့် ယခုနှစ် မြေထောက်ပဲတင်ပို့မှုက ယခင်နှစ်တွေထက် အားကောင်းနေတာ တွေ့ရပါတယ်။                            လက်ကျန်နည်းလာပြီဖြစ်ပေမဲ့ ဈေးနှုန်းအနေနဲ့ ငြိမ်နေတာတွေ့ရပြီး နိုဝင်ဘာလ ၄ ရက်နေ့ ရန်ကုန် FOB ဈေးမှာလည်း ယခင်တစ်ပတ်ဈေးအတိုင်း တစ်တန်ကို ကန်ဒေါ်လာ ၆၈ဝ-၆၉ဝ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမွန်ဘိုင်း ဈေးကွက်မှာ လည်း unpolished တစ်တန် ကန်ဒေါ်လာ ၃၇ဝဝဝ (ကန်ဒေါ်လာ ၈၃၄ )နဲ့ polished တစ်တန်ကို ကန်ဒေါ်လာ ၃၉ဝဝဝ (ကန်ဒေါ်လာ ၈၇၉) ဈေးဖြစ်တယ်လို့ သိရပါတယ်။                                                                                                                                      MIRT - MAPT