Main menu

Background

ဈေးမာလာတဲ့ မုံရွာမြေထောက်

Wed, 11/10/2010 - 07:36 -- Anonymous (not verified)

ဈေးမာလာတဲ့ မုံရွာမြေထောက်            ယခုအချိန်က မြေထောက်ပဲ စိုက်ပျိုးချိန်ဖြစ်လို့ တောင်သူနဲ့ ကုန်သည်တို့ မှာ လက်ကျန်နည်းနေပြီဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု အောက်တိုဘာလဆန်းမှာ မြေထောက်ပဲ တစ် ပိဿာ ၈၈၉ ကျပ်မှ အောက်တိုဘာ လကုန်နဲ့ နိုင်ဝင်ဘာဆန်းမှ ၁ဝဝဝ ကျပ်သို့ ဈေးအနည်းငယ်တက်လာပါတယ်။ တိုင်းအတွင်း ကြာဇံစက်များကနေ့စဉ်သုံးစွဲမှုရှိလို့ မုံရွာ ကုန်စည်ဒိုင်မှာ နေ့စဉ်တင်း ၃ဝ ခန့်အရောင်းအဝယ် ဖြစ်ပြီး အောက်တိုဘာ နောက်ဆုံးပတ်အတွင်း မုံရွာမှ မန္တလေးသို့ တင်း ၃ဝဝ ခန့် စီးထွက်ခဲ့ကြောင်း သိရပါတယ်။                                                                                                                                     သန်းသန်းတင်