Main menu

Background

အိန္ဒိယပဲမျိုးစုံအထွက် တန်ချိန် ၁၉သန်းထိ ရှိနိုင်

Wed, 11/10/2010 - 07:45 -- Anonymous (not verified)

 အိန္ဒိယပဲမျိုးစုံအထွက် တန်ချိန် ၁၉သန်းထိ ရှိနိုင်        အိန္ဒိယနိုင်ငံရဲ့ ယခုနှစ် ပဲမျိုးစုံထွက်ရှိမှုဟာ မုတ်သုံမိုးကောင်း ခဲ့တာ ကြောင့် ရည်မှန်းပမာဏထက် ကျော်လွန်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယခုရာသီအတွင်း ပဲမျိုးစုံတန်ချိန် ၁၆ ဒသမ ၅ သန်းထုတ်လုပ်ဖို့ ရည်မှန်း ထားပေမဲ့ တန်ချိန် ၁၉ ဒသမ ဝ၈ သန်းခန့် ထိ ထွက်ရှိနိုင်တယ်လို့ အဓိက စိုက်ပျိုးထုတ်လုပ်တဲ့ ပြည်နယ်များမှ အစီရင်ခံတင်ပြထားတယ်လို့ အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးဝန်ကြီး ပီကေဘာဆူက ပြောကြားပါတယ်။           ပဲအထွက် မျှော်မှန်းထားတာထက် ပိုမိုခြင်းက ပဲတင်သွင်းမှုကို လျော့ကျ စေပြီး ငွေကြေးဖောင်းပွမှုကိုလည်း သက်သာစေနိုင်လိမ့်မယ်လို့ ဆက်လက် ပြောကြားပါတယ်။ အစိုးရက ပဲမျိုးစုံရဲ့ပြည်နယ်သတ်မှတ်ဈေးနှုန်း ကို ၂ဝ ရာခိုင်နှုန်း တိုးမြှင့်ပေးလိုက်ခြင်းနဲ့ မျိုးစေ့နဲ့ ဓါတ်မြေသြဇာထောက်ပံ့မှု တိုးမြှင့် ပေးလိုက်တာကြောင့် လယ်သမားတွေ ပိုမိုစိုက်ပျိုးလာကြတဲ့အတွက် ဇွန်လ အထိ တစ်နှစ်ပတ်လုံး ထွက်ရှိမှုကို နှစ်စဉ်ရည်မှန်းပမာဏထက် တန်ချိန် ၅ သိန်းကျော်လွန်မယ်လို့ ၎င်းတို့အနေနဲ့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါ တယ်။             အိန္ဒိယမိုးပဲအထွက်ဟာ ယခုနှစ်မှာ တန်ချိန် ၆ သန်းကို ၃၉ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးဖြစ်သလို ဆောင်းပဲအထွက်ကိုလည်း တန်ချိန် ၁၁ သန်း ခန့် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဆောင်းစိုက်ပဲတွေထဲမှာ ကုလားပဲ ဖြူလုံးကြီးဟာ အဓိကပဲ ဖြစ်ပါတယ်။ မိုးပဲကို အောက်တိုဘာမှာ ရိတ်သိမ်းပြီး ဆောင်းပဲကိုတော့ ဧပြီလမှာ အပြီးရိတ်သိမ်းပါတယ်။                                                                                                                                                     ယမင်းခင်၊