Main menu

Background

နယ်စပ်မှ ဓာတ်ဆီဒီဇယ်ဆီတင်သွင်းမှုလျော့

Wed, 11/10/2010 - 07:50 -- Anonymous (not verified)

နယ်စပ်မှ ဓာတ်ဆီဒီဇယ်ဆီတင်သွင်းမှုလျော့           အောက်တိုဘာလ ၂၇ရက်မှ နိုဝင်ဘာလ ၂ ရက်ထိကာလအတွင်းမှာ တာချီလိတ်နယ်စပ်မှ ဒီဇယ်ဆီ ၁၃၅ဝဝဝ ဂါလန်နဲ့ ဓာတ်ဆီ ၂၅၁ဝဝ ဂါလန်၊ ကန်ပိုက်တီး မှ ဒီဇယ်ဆီ ၁၃၇၉၄၂ ဂါလန်၊ ကော့သောင်းမှ ၉၉၁ဝ ဂါလန် အသီးသီး တင်သွင်း ခဲ့ပါတယ်။ စုစုပေါင်း ယခုအပတ်မှာ ဒီဇယ်ဆီ ၂၇၂၉၄၂ ဂါလန်နဲ့ ဓာတ်ဆီ ၃၅ဝ၁ဝ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၈၃၈ သန်းဖိုး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးရာသီချိန်ကုန်ဆုံးပြီးဖြစ်တဲ့ လယ်ယာသုံး စက်ကိရိယာ များ အတွက် စက်သုံးဆီလိုအပ်မှု လျော့နည်းလာခြင်း၊ ပုဂ္ဂလိကနှင့် MPPE တို့ တင် သွင်းမှု လျော့နည်း ခြင်းတို့ကြောင့် ယခုအပတ်မှာ ဓာတ်ဆီဒီဇယ်ဆီများတင်သွင်းမှု လျော့နည်းလျက်ရှိတယ်လို့ တာချီလိတ် နယ်စပ်ကုန်သည် အသင်းမှ သိရပါတယ်။                                                                                                                                    MIRT (DOBT)