Main menu

Background

ဒီနှစ်အတွင်း ရွှေဈေး ၂၄ ရာနှုန်းမြင့်တက်

Wed, 11/10/2010 - 08:00 -- Anonymous (not verified)

 ဒီနှစ်အတွင်း ရွှေဈေး ၂၄ ရာနှုန်းမြင့်တက်       ဒီနှစ်အတွင်းရွှေဈေးက၂၄ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သလို ငွေစင်သတ္တု ဈေးကလည်း တစ်အောင်စကို ကန်ဒေါ်လာ၂၅ ဒေါ်လာ ကျော်လွန်သွားနိုင် ကြောင်း လန်ဒန် သတ္တုဒြပ်စင်ရင်းနှီးမြူပ်နံှမှုအဖွဲ့က သုံးသပ်ခဲ့ပါတယ်။ ပလေဒီယမ် ဒြပ်စင်မှာ ကိုးနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်း တစ်အောင်စကို ကန်ဒေါ်လာ ၆၅၃ ဒသမ ၃၈ သို့ ရောက်ရှိခဲ့သလို ငွေသတ္တုဈေးကလည်း နှစ် ၃ဝ ကျော်ကာလအတွင်း အမြင့်ဆုံးဈေးဖြစ်ခဲ့ပါတယ်။''တချို့ရင်းနှီးမြုပ်နံှသူတွေက ရွှေထက်ဈးသက်သာ တဲ့ ငွေနဲ့ ပလေဒီယမ်ကို ဝယ်ရင်းကြတယ်။ ဒေါ်လာလဲလှယ်နှုန်းကလည်း ဆက် တိုက်အားနည်းနေတယ်။ ဒီအခြေအနေကြောင့် ငွေနဲ့ပလေဒီယမ် ဝယ်လိုအားက အရမ်းတိုးလာတယ်'' လို့ ဆိုးလ်အခြေစိုက် N H Investment &Security အဖွဲ့မှ သုံးသပ်သူ    C .S. Oh က ဆိုပါတယ်။ ရွှေဈေးက ဒီနှစ် ၂ဝ၁ဝမှာ ၂၄ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ငွေစင်သတ္တုဈေးက ၄၇ ရာခိုင်နှုန်းဈေးမြင့် လာတယ်။ ပလေဒီယမ်က ၅၉ ရာခိုင်နှုန်းဈေးတက်တယ်။ အမြင့်ဆုံးရွှေဈေးအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က တစ်အောင်စကို ကန်ဒေါ်လာ ၁၃၈၇ ဒသမ ၃၅ ဒေါ်လာ အထိချဉ်း ကပ်ခဲ့တယ်။ အမေရိကန်ရဲ့ အတိုးနှုန်းထားက ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ကတည်းက စတင်ကာ သုညရာခိုင်နှုန်းနီးပါး သုည ဒသမ ၂၅ ရာခိုင်နှုန်း ကိုလျော့ချခဲ့ပြီးတဲ့ နောက် ဒီလိုအားနည်းမှုတွေဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်သုံးသပ်သူများ ရဲ့ အဆိုအရ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံကို ဝယ်လိုအားမြှင့်တင်ရေး အစီအမံများအတွက် ပံပိုးပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ပေမဲ့လည်း အလုပ်လက်မဲ့နှုန်းကသိသိသာသာကျဆင်းသွားခြင်းမရှိဘဲ အောက်တိုဘာမှာ ၁ဝ ရာခိုင်နှုန်းဝန်းကျင် အထိရှိနေခြင်းကပင် ရွှေဈေးတက်ခြင်းအတွက် အကြောင်းအရင်းဖြစ်ခဲ့ကြောင်း ဘလွန်း ဘတ်သတင်းက သုံးသပ်ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံခြားငွေအရန်နိုင်ငံခြားငွေကို ဒေါ်လာအစား ရွှေကို တိုးမြှင့်ဝယ်ယူရင်းနှီးမြုပ်နံှရန် လှုံ့ဆော်မှု အစီအမံများကြောင့်လည်း ရွှေဈေးက နှစ်အတွင်း ၂၄ ရာခိုင်နှုန်းမြင့်ခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။                                    Source Bloombearg.com, WWN