Main menu

Background

အခေါက်ရွှေဈေး ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာ

Wed, 11/10/2010 - 08:06 -- Anonymous (not verified)

 အခေါက်ရွှေဈေး ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာ     ရန်ကုန်ဈေးကွက်တွင် အခေါက် ရွှေဈေးနှုန်းများ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း ရွှေဘုံသာလမ်းရှိ ရွှေလုပ်ငန်းရှင်များ ထံက ကြားသိရသည်။         ''ဈေးကွက်အတွင်းမှာ အရင်က အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ခြောက်သိန်းခုနစ်သောင်းကျော် အထိ ရှိခဲ့ရာက အခု ကျပ်ခြောက်သိန်း ငါးသောင်းကျော်မှာပဲ ရှိနေပါတယ်။ အရင်ပေါက်ဈေးတွေထက်စာရင် တစ်ကျပ်သားကို ကျပ် တစ်သောင်းခွဲဝန်း ကျင်လောက် ကျဆင်းသွားပြီး ပုံမှန် အနေအထားလေးဖြစ်လာပါပြီ။           မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့ နိုင်ငံတကာ ငွေကြေး အပြောင်းအလဲ ပေါ်မူတည်ပြီး အတက်အကျ မြန်ဆန် သဖြင့် ဒီနှစ်မှာ ဝယ်ယူစုဆောင်းသူ နည်းသွားပါတယ်။ အချို့လည်း ရွှေလုပ်ငန်းအစား အခြားလုပ်ငန်းတွေဘက်မှာ လုပ်ကိုင်လာကြတာလဲ ရှိလာပါတယ်'' လို့ ရွှေကုန်သည်တစ်ဦးက ပြောကြား သည်။         ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၄ ရက် တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၆၆၂၅ဝဝ-၆၅၉၅ဝဝ) ကျပ် ဖြစ်ပေါ်ခဲ့ ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၃၅၅ ဒေါ်လာတို့ ဖြစ်ပေါ်ခဲ့သည်။                                                                                                                                       ခင်မျိုးသွယ်