Main menu

Background

စိုက်ပျိုးရေးရာသီချိန်ကုန်ဆုံးပြီးဖြစ်၍ ဓာတ်မြေသြဇာတင်သွင်းမှုလျော့

Wed, 11/10/2010 - 08:13 -- Anonymous (not verified)

  စိုက်ပျိုးရေးရာသီချိန်ကုန်ဆုံးပြီးဖြစ်၍ ဓာတ်မြေသြဇာတင်သွင်းမှုလျော့            အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၂ ရက်ထိကာလအတွင်း နယ်စပ် စခန်းများမှ ဓာတ်မြေသြဇာ တင်သွင်းမှုဟာ ၈၁၅၁ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၁ ဒသမ ၅၁ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် က ၁၃၁၈၇ တန် တင်သွင်းနိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၅ဝဝဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ စိုက်ပျိုးရေးရာသီချိန် ကုန်ဆုံးတဲ့ကာလဖြစ်တဲ့အတွက် ဓာတ် မြေသြဇာတင်သွင်းမှု လျော့ကျလာခြင်းဖြစ်တယ်လို့ မူဆယ်နယ်စပ်မှ ဓာတ်မြေ သြဇာ တင်သွင်းတဲ့ကုန်သည် အသိုင်းအဝန်းက သိရပါတယ်။ နယ်စပ်စခန်းအလိုက် ယခုအပတ်မှာ ဓာတ်မြေသြဇာတင်သွင်းမှုများ ကတော့ မူဆယ်မှ ၇၈၈၅ တန်ကျော်၊ ကော့သောင်းမှ ၁၅၈ တန်ကျော်၊ ရိဒ်မှ တန် ၉ဝ ကျော်နဲ့ တာချီလိတ်မှ ၁၈ တန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်က တင်သွင်းမှုမရှိခဲ့တဲ့ ကော့သောင်းနဲ့ ရိဒ် နယ်စပ်များမှ ယခုအပတ်မှာ တင်သွင်းမှုရှိခဲ့ပေမဲ့ မူဆယ်နယ်စပ်မှ တင်သွင်းမှုဟာ ယခင်အပတ်ကထက် တန်ချိန် ၄၈၇ဝ နီးပါးလျော့နည်းခဲ့တာ ဖြစ်ပါတယ်။ မူဆယ်နယ်စပ်က ယူရီးယားကို အများဆုံးတင်သွင်းပြီး ဒုတိယအများဆုံး တင်သွင်းတာကတော့SingleSuper Phosphate  နဲ့ တတိယအများဆုံး တင်သွင်း တာကတော့Compound Seed NPK (၁ဝး၁ဝး၅) ဖြစ်ပါတယ်။ မူဆယ်နယ်စပ်က တင်သွင်းတဲ့ ဓာတ်မြေသြဇာတံဆိပ်မျိုးစုံရှိပြီး မြင်းကျား၊ မျှား၊ ရွှေတောင်၊ ပန်းဖြူ၊ ကမ္ဘာလုံး၊ ကြယ်၊ လက်ဝါး၊ ပန်းဖူး၊ သံကွင်း ၊ နေမင်း၊ ဆင်၊ တောင်သူမ၊ ခြင်္သေ့ တံဆိပ်များ ဖြစ်ပါတယ်။                                                                                                                                   MIRT(DOBT)