Main menu

Background

မုံရွာနှမ်းဈေး မန်းအဝယ်အေး

Wed, 11/10/2010 - 09:28 -- Anonymous (not verified)

မုံရွာနှမ်းဈေး မန်းအဝယ်အေး       မုံရွာကုန်စည်ဒိုင် နှမ်းဈေးကွက်မှာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက နယ်စုံမှ မိုးကြိုနှမ်းတွေ ဝင်ရောက်ခဲ့ ပေမဲ့ မန္တလေးလက် အဆွဲနည်းခဲ့ပြီး၊ ဒေသတွင်းဆီစက်သမားအချို့ ပုံမှန်ဝယ်ယူမှုသာ ရှိခဲ့တယ်လို့သိရပါတယ်။ နှမ်းမျိုးစုံပေါက်ဈေးအနေနဲ့ စက်တင်ဘာလကထက် တစ်တင်း ၁ဝဝဝ ကျပ်ခန့် ဈေးသာခဲ့ရာ နှမ်းညိုတစ်တင်း အနိမ့်ဆုံး ၁၉ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၈ဝဝ ကျပ်၊ နှမ်းဝါတစ်တင်း ၂၁၇ဝဝ ကျပ်မှ ၂၄၅ဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂ဝ၈ဝဝ ကျပ်မှ ၂၃၃ဝဝ ကျပ်နဲ့ နှမ်းဖြူတစ်တင်း ၂၆ဝဝဝ ကျပ်မှ ၂၈ဝဝဝ ကျပ်ထိ ဈေးအနည်း ငယ်မြောက်ခဲ့ပါတယ်။ နိုဝင်ဘာလဆန်း နှမ်းဈေးကွက်မှာတော့ နှမ်းညိုတစ်တင်း ၂၂၅ဝဝ ကျပ်၊ နှမ်းဝါတစ်တင်း ၂၄၅ဝဝ ကျပ်နဲ့ နှမ်းဖြူ တစ်တင်း ၂၆ဝဝဝ ကျပ် အသီးသီးဈေးပြန်အေးသွားခဲ့ပြီး၊ အရောင်းအဝယ် အားနည်း သွားခဲ့တာတွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင်ဈေးကွက်ကနေ အောက်တိုဘာလ အတွင်း မန္တလေးကို တင်း ၇ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း၂ဝဝဝ ခန့်သာ တင်ပို့ စီးဆင်းသွားခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။                                                                                                                                                    ထွန်းလှိုင်