Main menu

Background

ဆီစက်ဝယ်အားကောင်းလို့ မန်းမြေပဲဆီဈေးမာ

Wed, 11/10/2010 - 09:30 -- Anonymous (not verified)

ဆီစက်ဝယ်အားကောင်းလို့ မန်းမြေပဲဆီဈေးမာ        မန်းဈေးကွက်အတွင်းသို့ မြင်းမူ၊ ရွှေဘို၊ ညောင်ဦး၊ မကွေး၊ ပြည်စတဲ့ ဒေသများမှာ မြေပဲဆီဆံများ ဝင်ရောက်နေပါတယ်။ ဈေးကွက်အတွင်း မြေပဲ ဆီဆံများ ဝင်ရောက်မှုရှိသော်လည်း ပစ္စည်းလှိုင်လှိုင်မဝင်လာခြင်း၊ ဝင်ရောက် လာတဲ့ မြေပဲဆီဆံများကိုလည်း ဆီစက်လုပ်ငန်းရှင်များမှ ဝယ်လိုအားကောင်း နေတဲ့အတွက် အရောင်းသွက်ပြီး ဈေးမြင့်လာတာကို တွေ့ရပါတယ်။ ယခုတစ်ပတ် မှာ မြင်းမူဆီဆံက ၁၆၅ဝ ကျပ်၊ ၁၇ဝဝ ကျပ်၊ ရွှေဘိုဆီဆံက ၁၆ဝဝ ကျပ်၊ ၁၆၆ဝ ကျပ်၊ မကွေးဆီဆံက ၁၆၂၅ ကျပ်ဈေးတို့ဖြင့် ယခင်အပတ်ထက် ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်နေကြပါတယ်။ မြေပဲဆီက တစ်ပိဿာ ၂၈၅ဝ ကျပ်၊ ၃၁ဝဝ ကျပ်၊ မြေပဲဖတ်က ၈၇ဝ ကျပ်၊ ၈၈ဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပြီး ဈေးကွက်အတွင်း မြေပဲဆီဆံစီးဝင်မှု နည်းနေတဲ့အတွက် ဈေးမြင့်လာတာဖြစ်တယ် လို့ ဆီစက်လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားကြောင်း သိရပါတယ်။                                                                                                                                               ကျော်ကျော်မိုး