Main menu

Background

မတ်ပဲဈေးအနည်းငယ်အေးလာ

Wed, 11/10/2010 - 09:44 -- Anonymous (not verified)

        ယခုတစ်ပတ်အတွင်းမှာ ကျရောက်တဲ့ အိန္ဒိယလူမျိုးများရဲ့ ဒီပါဝလီပွဲတော်ကြောင့် ဈေးကွက်အများစုမှာ အရောင်းအဝယ် ဆောင်ရွက်မှု နည်းခဲ့ပါတယ်။ အရောင်းအဝယ် အေးတာကြောင့် လည်း ပဲမျိုးစုံအားလုံးနီးပါး ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုန်သည်များနဲ့ လှောင်လက်များမှာလည်း ပဲပုပ်သိုလှောင် မှုမှာ ပိုမိုရင်းနှီးမြုပ်နံှထားကြတဲ့အတွက် ပဲရောင်းဝယ်မှုနည်းခြင်း ဖြစ်တယ်လို့ သိရပါတယ်။မတ်ပဲဈေးအနည်းငယ်အေးလာ                 အိန္ဒိယပြည်တွင်းဈေးကွက် တော်တော်များများမှာ အရောင်း အဝယ် ထိုင်းတာကြောင့် ယခုတစ်ပတ်အတွင်း မှာလည်း မတ်ပဲဈေး အနည်းငယ်အေးလာပါတယ်။ ဈေးကွက်တွေကို ပဲဝင်ရောက်မှုလည်း လျော့ကျလာတယ်လို့ သိရပါတယ်။ ကာနာတာကာနဲ့ အတ္တရာ ပရာဒေ့ရှ်တို့မှာ မိုးရွာသွန်းမှုကြောင့် မတ်ပဲ ၇ဝ ရာခိုင်နှုန်းခန့် ထိခိုက် ခဲ့တဲ့အတွက် အထွက်နှုန်း လျော့ကျ မယ်လို့ သိရပါတယ်။ အင်ဒရာ ပရာဒေ့ရှ်က ဈေးကွက်တွေကို ပဲဝင်ရောက်မှုဟာလည်း အိတ် ၅ဝဝ- ၆ဝဝ ခန့်သာရှိလို့ လာမယ့်ရက်တွေမှာ မတ်ပဲဈေး များများစားစား မကျဆင်းနိုင်ဘူးလို့ ဈေးကွက်က ခန့်မှန်းထားကြောင်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁                                                                                           ဒေါ်လာ/တန်ဈေးကွက်         ၃ .၁၁ .၁ဝ              ၂ .၁၁ .၁ဝ               ၁ .၁၁ .၁ဝ                  ၃ဝ .၁ဝ .၁ဝမွန်ဘိုင်း            ၉၂၄-၉၃ဝ               ၉၃၄-၉၄ဝ                   ၉၅၁                           ၉၅၄ဒေလီ                   ၉၃၆                      ၉၄၅                        -                              ၉၃၂ချန်နိုင်း               ၉၆၉-၁၁၃၃             ၉၆၈-၁၁၃၇             ၉၉၁-၁၁၄၈                ၉၉၉-၁၁၅၆