ပဲစင်းငုံဈေး တည်ငြိမ် ယခင်သီတင်းပတ်များက ပဲစင်းငုံဈေးနှုန်း အဆင်းဘက်ကို ဦးတည်နေရာမှ ယခုတစ်ပတ်မှာတော့ အရောင်းအဝယ်ဖြစ်မှု နည်းသလို ဈေးလည်း တည်ငြိမ်သလောက် ရှိနေပါတယ်။ လက်ရှိရာသီအတွင်း ယခင်နှစ် လက်ကျန်များရှိနေခြင်းနဲ့ ပဲစိုက်ပျိုးမှု အလားအလာကောင်းရှိခြင်းတို့က ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ ပြည်တွင်းပဲများ ရရှိနေတာကြောင့် ပြည်ပက တင်သွင်းပဲ ဝယ်လိုအား မရှိပေမဲ့ တန်ဇန်းနီးယားက တင်သွင်းပဲတွေ အဆက်မပြတ် ဝင် ရောက်နေခြင်းက ရောင်းအားပိုများလာစေပါတယ်။ လာမယ့်ရက် တွေမှာလည်း ဈေးနှုန်းလျော့ကျဖွယ်ရှိနေတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေ ကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် - ဇယား-၄ ဒေါ်လာ/တန်ဈေးကွက် ၃ .၁၁ .၁ဝ ၂ .၁၁ .၁ဝ ၁ .၁၁ .၁ဝ ၃ဝ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၆၆၅ ၆၅၈-၆၅၉ ၆၄၇ ၆၅၁ဒေလီ(မြန်မာပဲစင်းငုံ) ၆၆၅ ၆၅၃ ၆၅၃ ၆၅၁ချန်နိုင်း(မြန်မာပဲစင်းငုံ) ၆၆၅ ၆၆၄ ၆၆၄ ၆၇၄Source: agriwatch.com , MIRT (Yangon)
Background