မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲပုပ်စေ့ တန် ၅၉၄ဝ၇၃ ၃၇၁ဝပဲယင်း တန် ၆၄၉၆၃၃ ၄၁၁ဝပဲလွန်းဖြူ တန် ၁ဝ၁၇၉၂၇ ၇၇၁ဝမြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက်အိန္ဒိယနိုင်ငံသို့ ဆေး ကြေမှုန့်၊ မစီးကင်းဘတ်ရှူး၊ မဝတ်တီရှပ်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန် အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (ရူပီး)ဆေးကြေမှုန့် တန် ၁၅၇ဝဝဝ ၈၅ဝဝမစီးကင်းဘတ်ရှူး ဒါဇင် ၈၂ဝဝ ၄ဝဝမဝတ်တီရှပ် ဒါဇင် ၈ဝဝဝ ၉၃ဝ ကေသွယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ပဲတီစိမ်း၊ မန်ကျည်းသီး (အစေ့ပါ) နဲ့ နနွင်းတက်တို့ တင်ပို့လျက် ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး (ကျပ်) တစ်ဖက်နိုင်ငံဈေး (တာကာ)ပဲတီစိမ်း တန် ၆၃ဝဝဝဝ ၇၈၅ဝဝမန်ကျည်းသီး(အစေ့ပါ) တန် ၃၇၉၄၄ဝ ၃၃၅ဝဝနနွင်းတက် တန် ၁၅၂၆၉၄ဝ ၁၃၂၅ဝဝ မြတ်မြတ်ထွန်း
Background