Main menu

Background

မြန်မာ-အိန္ဒိယ-အာဆီယံ-အိန္ဒိယ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အိန္ဒိယတာဝန်ရှိသူများ မိုရေးသို့ ကွင်းဆင်းလေ့လာ

Wed, 11/10/2010 - 10:13 -- Anonymous (not verified)

 မြန်မာ-အိန္ဒိယ-အာဆီယံ-အိန္ဒိယ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အိန္ဒိယတာဝန်ရှိသူများ မိုရေးသို့ ကွင်းဆင်းလေ့လာ      အိန္ဒိယနိုင်ငံဗဟိုအစိုးရ စီမံကိန်းကော်မရှင် (အရှေ့မြောက်) တာဝန်ခံအရာရှိချုပ် ဘီကေချာတူရ်ဗေဒီနဲ့ အရှေ့ မြောက်ကော်မရှင်အကြံပေးအရာရှိချုပ် အက်စ်ဟင်နဘရာမိုချောင်ဒရီတို့နှစ်ဦးရောက်ရှိလာခဲ့ပြီး မိုရေးမြို့ စုပေါင်း စစ်ဆေးရေးဂိတ် ဆောက်လုပ်မှုအခြေအနေ၊ ဂိတ် (၂) လ.ဝ.က စစ်ဆေးရေးဂိတ်၊ မြန်မာနိုင်ငံပိုင် နမ့်ဖာလုံဈေးတို့ကို ကွင်းဆင်းလေ့လာ ကြည့်ခဲ့ရာ ချန်ဒယ်လ်ခရိုင် ဒုတိယအုပ်ခုျပ်ရေးမှူး အိတ်ချ်ဒီလစ်လပ်က အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးရုံမှာ ရှင်းလင်း တင်ပြခဲ့ပါတယ်။ မိုးရေးမြို့ကုန်သွယ်ရေးဌာန အဆောက်အအုံမှာ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရာ အရှေ့မြောက် အိန္ဒိယ နိုင်ငံဆိုင်ရာ နိုင်ငံတကာကုန်သွယ်ရေးအဖွဲ့ချုပ်မှ အကြီးအကဲများ၊ မဏိပူရပြည်နယ် အစိုးရပိုင် ကျန်းမာရေးဌာန၊ BRTF၊ အမှတ် (၃) အာသံရိုင်ဖယ်တပ်တို့မှ အကြီးအကဲများ၊ မိုရေးမြို့တွဲဖက်ခရိုင် အုပ်ချုပ်ရေးမှူး၊မိုရေး နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအဖွဲ့၊ ကုန်သွယ်ရေးဌာနအတွင်းရေးမှူးချုပ်နဲ့ သက်ဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး မိုရေးမြို့တွင် အစားအစာ စစ်ဆေးရေးရုံးဖွင့်ရန်၊ သွင်းကုန်ပို့ကုန်များ တိုးမြှင့်ဆောင်ရွက်ရန်၊ နယ်စပ်ကုန်သွယ်ရေး ပိုမို တိုးတက်စေရေး၊ မိုရေးမြို့အား ခေတ်မီမြို့ပြကြီးအဖြစ် တည်ဆောက်ရန်၊ ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံ ကဏ္ဍစုံ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။       ဗဟိုအစိုးရ စီမံကိန်းကော်မရှင်အရာရှိချုပ် ဘီကေချာတူရ်ဗေဒီက နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေ ရေး အမြန်ဆုံး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးမယ်လို့ ကတိပေးပြောကြားခဲ့တယ်လို့သိရ ပါတယ်။ အာဆီယံ နိုင်ငံများနဲ့လည်းဆက်စပ်ရတော့မှာဖြစ်တဲ့ အမှတ် ၃၉ အဝေးပြေးလမ်းမကြီးအပါအဝင် အမိုျးသား အဝေးပြေးကားလမ်းမ ကြီးများ အထူးသဖြင့် အင်ဖာ-မိုရေးကားလမ်မကြီးအားပြုပြင် ဆောက်လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ပြောကြား ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယ-အာဆီယံ-အိန္ဒိယ ကုန်သွယ်နိုင်ရန်အတွက် ထိုင်းနိုင်ငံဘန်ကောက်မှ မြန်မာနိုင်ငံတမူးမြို့သို့ ရန်ကုန်-မန္တလေးမှတစ်ဆင့် ပုံမှန်ကုန်သွယ်မှုများ ဆောင်ရွက်နိုင် ရေးအတွက်ပါ ထည့်သွင်းစဉ်းစားစီမံထားတယ်လို့ သိရှိရပါတယ်။                                                                                          Source: The Sangai Express ,MIRT (DOBT)