Main menu

Background

လမ်းများအသင့်အတင့်ကောင်းမွန်လာသဖြင့် ရိဒ်ကုန်သွယ်မှုပိုမိုလာ

Wed, 11/10/2010 - 10:17 -- Anonymous (not verified)

 လမ်းများအသင့်အတင့်ကောင်းမွန်လာသဖြင့် ရိဒ်ကုန်သွယ်မှုပိုမိုလာ      အောက်တိုဘာလ အတွင်း မိုးရွာ သွန်းမှု နည်းပါးခြင်း၊ လမ်းများ အသင့် အတင့်ကောင်းမွန်ပြီးကုန်တင် ဂျစ်ကား များ ဝင်ရောက်မှုများခြင်း၊ တစ်ဖက် နိုင်ငံမှ ဝယ်လိုအားကောင်းလာခြင်း တို့ ကြောင့် ရိဒ်နယ်စပ်ရဲ့ အောက်တိုဘာ လ ပို့ကုန်ပမာဏဟာ စက်တင်ဘာလ ထက် ကန်ဒေါ်လာ (၇) သောင်းကျော် ပိုမို လာတယ်လို့ ရိဒ်နယ်စပ်ကုန်သွယ် ရေးမှ သိရပါတယ်။ ရိဒ်ကုန်သွယ်မှုမှာ အသုံးပြုတဲ့ လမ်းကြောင်းကတော့ မုံရွာ-ကလေး-တီးတိန်-ရိဒ် ဖြစ်ပါတယ်။ ရိဒ်နယ်စပ်ရဲ့ အများဆုံး ပို့ကုန် တွေကတော့ ဝက်အရှင်၊ ပလတ်စတစ် အိတ်၊ မုန့်မိုျးစုံ၊ မ-ဝတ်တီရှပ်၊ ဆေးကြေမှုန့်၊ စောင်၊ ကွမ်းသီးခြောက်၊ ကင်းဘတ်ရှုး ( အရွယ်စုံ) ၊ ဆပ်ပြာမှုန့်၊ ဆေးရိုး၊ ခြင်ထောင်စ၊ အိပ်ယာခင်း၊ ပေါက်ပြားနဲ့ဖယောင်းပုဆိုးတို့ဖြစ်ပါတယ်။ အများဆုံးသွင်းကုန်တွေ ကတော့ ဓာတ်မြေသြဇာပိုတက်ရှ်နဲ့ ယူရီးယား၊ လူသားဆံပင်နဲ့ ရွှေချည်ငွေချည်တို့ ဖြစ်ပါတယ်။       ယခုလမှာ ယမန်နှစ်ကာလတူ ထက်ရော အနီးစပ်ဆုံးကာလထက် ပို့ ကုန်ရော သွင်းကုန်ပါ ပိုမိုဆောင် ရွက်နိုင်သဖြင့် ကုန်သွယ်မှု ပမာဏများ လည်း ပိုမိုခဲ့တယ်လို့ သတင်းရရှိပါ တယ်။                                                                                                                        Source:နကသ၊ခင်မိုးသ