Main menu

Background

ယွမ်ဈေးကျဆင်းပြီး တရုတ်တာယာထုတ်လုပ်မှု အရှိန်မြှင့်၍ ရော်ဘာဈေးမြင့်တက်လာ

Wed, 11/10/2010 - 10:37 -- Anonymous (not verified)

ယွမ်ဈေးကျဆင်းပြီး တရုတ်တာယာထုတ်လုပ်မှု အရှိန်မြှင့်၍ ရော်ဘာဈေးမြင့်တက်လာ          ကမ္ဘာ့ရော်ဘာသုံးစွဲမှုအများဆုံးတရုတ်နိုင်ငံမှ တာယာထုတ်လုပ်မှု အရှိန်မြှင့်တင်လိုက်တာကြောင့် ရော်ဘာ ဝယ်လိုအားတွေ တက်လာပြီး ဈေးနှုန်းတွေလဲမြင့်တက်လာကြောင်း စာရင်းများအရသိရပါတယ်။ တိုကျိုကုန်စည်ဒိုင်ရဲ့ ဈေးနှုန်း က ဝ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ကီလိုဂရမ်ကို ၃၂၉ ယန်း ( တစ်တန်ကို ၄ဝ၈၄ ဒေါ်လာ) ရှိပါတယ်။ ဝယ်လိုအား မျှကိန်းက အောက်တိုဘာလမှာ ၅၄ ဒသမ ၇ ကို တိုးလာပြီး ယခင်လက ၅၃ ဒသမ ၈ ရှိကြောင်း စီးပွားရေးပညာရှင် (၁၃) ဦးကကွင်းဆင်းလေ့လာပြီး ဖော်ထုတ်ခဲ့ကြောင်း သိရပါတယ်။ ဒီလိုကိန်းဂဏန်းတွေက တရုတ်ရဲ့စက်မှုကုန်ထုတ်လုပ်မှု စွမ်းအား ကို ဖော်ပြကြောင်း တိုကျိုအခြေစိုက် ဖူဂျီကုမ္ပဏီရဲ့ သုတေသီကပြောကြားခဲ့ပါတယ်။ မေလအတွက် ရှန်ဟိုင်းကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းက ၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ၃၁၉၅ဝ ယွမ် ( ၄၇၈၇ ဒေါ်လာ) ဖြစ်လာကြောင်းသိရပါတယ်။ အောက်တိုဘာလ ကုန်ပိုင်းမှာ ရှန်ဟိုင်းကုန်စည်ဒိုင်ရဲ့ဈေးနှုန်းက ၅ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ၃၃၃၂ဝ ယွမ် ( ၄၉၇၃ ဒေါ်လာ) ကို စံချိန်တင်ရောက်ရှိခဲ့ပါတယ်။ ရော်ဘာရဲ့အလားအလာက ဂျပန်ယန်းငွေကဒေါ်လာ ဈေးထက် နိမ့်ကျသွားခဲ့ပြီး ယန်းနဲ့ပေးချေမဲ့စာခုျပ်တွေရဲ့ ရော်ဘာဈေးနှုန်းမြင့်တက်သွားရခြင်းဖြစ်ပါတယ်။ ယန်းဈေးနှုန်းဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာ တစ်ဒေါ်လာကို ၈ဝ ဒသမ ၄ဝ ယန်းကနေ ၈ဝ ဒသမ ၆၇ ကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ လက်ငင်းဈေးကွက်မှာ ထိုင်း တင်ပို့သူတေaွက RSS-၃ အမိုျးအစားရဲ့ ဒီဇင်ဘာ သင်္ဘောတင်ဈေးကို တစ်ကီလိုဂရမ်ကို ၃ ဒသမ ၉၄ ဒေါ်လာကနေ ၃ ဒသမ ၉၈ ဒေါ်လာကို မြှင့်တင်ခဲ့ပါတယ်။ ရော်ဘာရောင်း လိုအားအကြပ်အတည်းကတော့ အဓိကထုတ်လုပ်တဲ့နိုင်ငံတွေမှာ စတုတ္ထသုံးလပတ်မှာ အချိန်အခါမဟုတ်မိုးကြီး တာကြောင့်ထုတ်လုပ်မှုကို ထိခိုက်ခဲ့ရကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများ အသင်း ANRPC က ပြောကြားပါတယ်။                ယခုနှစ်ရဲ့ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုကတော့ ၅ ဒသမ ၃ ရာခိုင်နှုန်းတိုးလာပြီး တန်ချိန်အားဖြင့် ၉ ဒသမ ၄ သန်းရှိပါတယ်။ မလေးရှား၊ ထိုင်းနဲ့ အိန္ဒိယတို့မှာ ရော်ဘာအစေးထွက်ရှိမှု အဟန့်အတားကြောင့် ထုတ်လုပ်မှုလျော့နည်းနေဦး မှာဖြစ်ကြောင်း အသင်းမှ ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။                                                                                                             Source: Bloomberg.com , KZW