ပြောင်း ဖူးစေ့သာမက ပြောင်းကြိတ်ဖတ်များ တင်ပို့နိုင် မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ယခုအပတ်မှာ ပြောင်းဖူးစေ့ တန်ချိန် ၁၂ဝဝဝ ကျော်နဲ့ ပြောင်းကြိတ်ဖတ်အမှုန့် တန် ၁ဝဝ နှင့်ကြိတ်ဖတ်အကျစ် ၂၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ဝ၁၅ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မှလည်း ၇၂၆ တန်နဲ့ ကန်ပိုက်တီးနယ်စပ်မှ ပြောင်း ၁၈ဝ တန် တင်ပို့နိုင် ခဲ့တဲ့အတွက် ယခုအပတ်မှာ နယ်စပ်စခန်းများမှ ပြောင်းဖူးစေ့တန်ချိန် ၁၂၉ဝ၆ တန်၊ ပြောင်းကြိတ် ဖတ်အမှုန့် တန် ၁ဝဝ၊ အကျစ် ၂၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၂၅၃ သန်း ဖိုး တင်ပို့နိုင်တဲ့အတွက်ယခင်အပတ်ကထက် ပြောင်းဖူးစေ့ တန်ချိန် ၅၈ဝ ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ရွှေလီပေါက်ဈေးများကို ကြည့်တဲ့အခါ ပြောင်းဖူးစေ့ဈေးတစ်တန်ကို ၃၂၅ဝ ကျပ် ပိုမိုခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်ပြောင်းဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၃၈၅၃၆ ၂၃၅၂၈၆ ၃၂၅ဝ ၁ .၄ ၂၆၉ ၂၆၄ ၅ ၂ MIRT (DOBT)
Background