ပြောင်းထုတ်လုပ်မှုကျဆင်းသော်လည်း ဝယ်လိုအားတက် အမေရိကန်နိုင်ငံရဲ့ ဒေသတွေမှာ ရာသီဥတုပူပြင်းပြီး နောက်ပိုင်း မိုးများတာကြောင့် ယခုနှစ်မှာ ပြောင်းစိုက်ပိုျးထုတ်လုပ်မှုမှာ ပျက်စီးမှု များ ပြားခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ဘဏ္ဍာနှစ်စက်တင်ဘာလ သီးနံှစတင်ရိတ်သိမ်းပြီး နောက် ဘူရှယ် (၁၂ ဒသမ ၇) ဘီလီယံလောက်ရရှိပြီး ဒီပမာဏဟာ လျာထားချက်ထက် ၄ ရာခိုင်နှုန်း လျော့နည်းပြီး ယမန်နှစ်ထုတ်လုပ်မှုထက် ၃ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း USDA မှ ပြောကြားခဲ့ပါတယ်။ ယခုသီတင်း၂ ပတ်အတွင်း ပြောင်းဈေးနှုန်း ဟာ ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ အမေရိကန်က ပြောင်းထုတ် လုပ်မှုဟာ ကမ္ဘာ့ပြောင်း ထုတ်လုပ်မှုရဲ့ ငါးပုံနှစ်ပုံရှိပြီး ကမ္ဘာ့ပို့ကုန်ရဲ့ ၆ဝ ရာခိုင်နှုန်းနီးပါး ရှိကြောင်း USDA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဓိက ပြောင်းထုတ်လုပ်တဲ့ နိုင်ငံများ ဖြစ်တဲ့ ရုရှား၊ ယူကရိန်း၊ ကာဇစ်စတန်နဲ့ တောင်အမေရိကားတို့မှာ မိုးခေါင်မှု တွေ ဖြစ်ပွားနေဆဲ ဖြစ်ပြီး ဂံျု၊ ပဲပုပ်နဲ့ ပြောင်းသီးနံှတွေ ထုတ်လုပ်မှု ကျဆင်း နေပါတယ်။ ရုရှားကတော့ ယခုနှစ်ဇူလိုင် ၁ ရက်နေ့ကစပြီး ပြောင်းတန်ချိန် မက်ထရစ် တန် ၂ သန်းကို ယူကရိန်း ကတင်သွင်းဖွယ်ရှိပြီး ဒါဟာ USDA က ခန့်မှန်း ထားတဲ့သွင်းကုန်ထက် ၂ ဆရှိကြောင်းသိရပါတယ်။ အမေရိကန်ကနေ ရုရှား တင်သွင်းမယ့် ပြောင်းတန်ချိန် ရာထောင်ချီရှိနိုင်ပြီး ၂ဝ၁၁ မတိုင်မီ တင်သွင်းမှာ ဖြစ်ကြောင်း သိရပါတယ်။ ရုရှားအတွက် သွင်းကုန်တွေတက်လာခြင်းကတော့ ရုရှားရဲ့သီးနံှအထွက်နှုန်းဟာ ယခင်နှစ်ထက် ၂၄ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၃ သန်းခန့်သာထွက်ရှိမှာဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာ့စတုတ္ထအများဆုံး ပြောင်းတင်ပို့တဲ့ ယူကရိန်းနိုင်ငံဟာ ယခုနှစ်ကုန်မတိုင်မှီ တန်ချိန် ( ၂ )သန်း တင်ပို့မှာဖြစ်ကြောင်း အစိုးရရဲ့ Website မှာ ဖော်ပြထားပါတယ်။ ယခုလက်ရှိရာသီဥတုပြောင်းလဲမှုက တရုတ်ရဲ့ ၂ဝ၁ဝ ပြောင်းထုတ်လုပ်မှု ကို ၁ ရာခိုင်နှုန်းကျဆင်းစေခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်က မိုးခေါင်မှုကြောင့် တရုတ်ရဲ့ ပြောင်းထုတ်လုပ်မှု ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ခန့်မှန်း တွက်ချက်မှုထက် တန်ချိန် ၂၅ သန်းဆုံးရှုံးခဲ့ပြီး လေးနှစ်မြောက် ကျဆင်းခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ တရုတ်က ပထမဆုံးအကြိမ်အနေနဲ့ ပြောင်း တန်ချိန် (၁၁၅ဝဝဝ)ကို အမေရိကန်ထံမှ ဝယ်ယူခဲ့ကြောင်းသိရပါတယ်။ Source: Bloomberg.com ,KZW
Background