Main menu

Background

ဂီရိမုန်တိုင်းသင့် ရေလုပ်သားများအား ရေလုပ်ငန်းအသင်း နှစ်ခုမှ ကျပ် သိန်း ၁ဝဝ လှူဒါန်း

Wed, 11/10/2010 - 11:08 -- Anonymous (not verified)

 ဂီရိမုန်တိုင်းသင့် ရေလုပ်သားများအား ရေလုပ်ငန်းအသင်း နှစ်ခုမှ ကျပ် သိန်း ၁ဝဝ လှူဒါန်း            ဂီရိမုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်မှ ရေလုပ်သားများအား မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ခုျပ်အောက်ရှိ ရေလုပ်ငန်း အသင်း ၂ ခုမှ ကျပ်သိန်း ၁ဝဝ လှူဒါန်းခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။                            '' အောက်တိုဘာလ၂၂ ရက်က တိုက်ခတ်ခဲ့တဲ့ ဂီရိဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရဲ့ မြေပုံ၊ မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တောမြို့နယ်တွေမှာရှိတဲ့ ငါးလုပ်ငန်းဦးစီးဌာနအချို့ရေလုပ်သားတွေရဲ့ နေအိမ်အချို့ နဲ့ ငါးဖမ်းပစ္စည်းတွေ ဆုံးရှုံးမှုရှိခဲ့ပါတယ်။ အဲဒီအတွက် ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်း ရှင်များအသင်းနဲ့ မြန်မာ နိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်းတို့က ကျပ်သိန်း ၅ဝ စီစုစုပေါင်းကျပ်သိန်း ၁ဝဝ ကို လှူဒါန်းပေးခဲ့ပါတယ်'' ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။            အဆိုပါမုန်တိုင်းသင့် ရေလုပ်သားများအတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကလည်း ကျပ် ၁၁၅ သိန်းကျော်ဖိုးရှိ မီတာ ၂ဝဝ အရှည် ကွင်းတားပိုက် ၁၉၃၁ ခု၊ ကျပ်သိန်း ၄ဝဝ ကျော်ဖိုးရှိ မီတာ ၄ဝဝ ကွင်းတားပိုက် ၃ဝ၁ ခု၊ ကျပ် ၇၅ သိန်းတန်ဖိုးရှိ ထိုင်းနိုင်ငံထုတ် ငါးဖမ်းပိုက်ကွန် ၄၇ဝ ခု၊ စုစုပေါင်း ကျပ်သိန်း၂၄ဝ ကျော်ဖိုးရှိ ငါးဖမ်းပစ္စည်းများကို အောက်တိုဘာလ ၂၇ ရက်နေ့က ပေးလှူခဲ့ပြီးဖြစ်ကြောင်း သိရသည်။                                                                                                                                ခင်မျိုးသွယ်