Main menu

Background

ချင်းရွှေဟော်မှ ကဏန်းအရှင် ၅၆ တန်ကျော်တင်ပို့ခဲ့

Wed, 11/10/2010 - 11:11 -- Anonymous (not verified)

 ချင်းရွှေဟော်မှ ကဏန်းအရှင် ၅၆ တန်ကျော်တင်ပို့ခဲ့         ၂ဝ၁ဝအောက်တိုဘာလအတွင်း ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် ကဏန်းအရှင် ၅၆ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း ဟိန်းနဒီအောင် ကုမ္ပဏီက သိရသည်။     '' ကဏန်းအရှင်တင်ပို့ခွင့်ကို ဟိန်းနဒီအောင်ကုမ္ပဏီ အနေနဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း ကနေ တစ်ရက်ကို ကား ၃ စီးတင်ပို့ခွင့်ရခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ကဏန်းကို တန်ဖိုးမြှင့်ကုန်အဖြစ် ပြန်မွေးမြူပြီးမှ တင်ပို့တာပါ။ သဘာဝက ဖမ်းဆီးပြီးလာရောင်းတဲ့ ကဏန်းတွေကို ရွံှ့တွေစင်အောင် ရေဆေးရပါတယ်။ ချည်ထားတဲ့ကြိုး တွေ ကို ပြန်ပြောင်းပြီး ပါကင်ပုံလှအောင် လုပ်ရပါတယ်။ ပြီးရင် လှောင်အိမ်နဲ့ ပြန်မွေးပါတယ်။ အဲဒီအထဲကမှ အရည် အသွေးကောင်းတဲ့ ကဏန်းတွေကို ရွေးချယ်တင်ပို့ပါတယ်။ ဒီလမှာအဓိက ကုန်ကြမ်းယူတဲ့ ရခိုင် ပြည်နယ်မှာ မုန်တိုင်း ဒဏ်ကြောင့် လုပ်ငန်းရပ်ထားတဲ့ရက်တွေရှိခဲ့တယ်။ ဒါ့ကြောင့် ဒီလမှာ ခွင့်ပြုတန်မီအောင် မပို့နိုင်ပါဘူး။ နောက်လတွေမှာ ဒီထက် ပိုပြီး တင်ပို့နိုင်အောင် ကြိုးစားနေပါတယ်'' ဟု လုပ်ငန်းရှင် ဦးထွန်းလင်းစိုးက ပြောကြားသည်။      ယခုကဲ့သို့ မူဆယ်ဇုန်အပြင်ချင်းရွှေဟော်စခန်းမှပါ ကဏန်းတင်ပို့ခွင့်ပြုလိုက်သည့်အတွက် ဈေးကွက် ပြိုင်ဆိုင်မှု များ ဖြစ်ပေါ်လာပြီး ကုန်ကြမ်းဝယ်ယူရာ ဒေသတွင် ဈေးနှုန်း များ မြင့်တက်လာပြီး ရေလုပ်သားများ ပိုမို အကျိုးရှိလာ ကြောင်း ဒေသခံများထံက ကြားသိရပါသည်။                                                                                        ခင်မျိုးသွယ်