ရေလုပ်ငန်းမွေးမြူရေးဆိုင်ရာ ဘွဲ့လွန်ပညာရပ်အတွက် သင်တန်းသားများ အစ္စရေးက ခေါ်ယူ ရေလုပ်ငန်း မွေးမြူရေးဆိုင်ရာဘွဲ့လွန်ပညာရပ်အတွက် သင်တန်းသားများကို အစ္စရေးနိုင်ငံက ခေါ်ယူပြီဖြစ်သည်။ '' ဒီသင်တန်းအတွက် သင်တန်းသားအကန့်အသတ်မရှိပါဘူး၊ အသက်ကန့်သတ်ချက်လည်းမပါ ပါဘူး၊ တက်ရောက်မယ့်သူဟာဘွဲ့ရဖြစ်ရမယ်။ သက်ဆိုင်ရာလုပ်ငန်းထဲမှာ ၂ နှစ်အနည်းဆုံးလုပ်သက် ရရှိရမယ်။ အင်္ဂလိပ်စာကျွမ်းကျင်ရမယ်။ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ လျှောက်လွှာတင်ရမယ်။ အရည်အချင်းအစစ်ဆေးခံရမယ်။ အောင်ရင်တက်လို့ရပြီ။ အရည်အချင်းစစ်ဆေးခံပြီး အောင်မြင်တဲ့ သင်တန်းသားကို အစ္စရေးက စားစရိတ်၊ နေစရိတ် အခမဲ့တာဝန်ယူတယ်။ သင်တန်းက ၁နှစ်ပြီးတာနဲ့ Final Project ကို အောင်မြင်အောင် လုပ်ပေးနိုင်ရမယ်။ ပြီးရင်အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရမယ်''ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးနှင်းဦးက ပြောကြားသည်။ အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများသည် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်သို့ နိုဝင်ဘာလ ၁ဝ ရက် နေ့အမီဆက်သွယ်ရမည် ဖြစ်ပြီး အသေးစိတ်စုံစမ်းလိုပါက ဖုန်းနံပါတ် ၆၈၃၆၅၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ ခင်မျိုုးသွယ်
Background