Main menu

Background

၂၅ ကောင် မော်တာသုံး ဆီစက်အသေးကို မန္တလေးစက်မှုဇုန်၊ မြန်မာသံလွင်စက်ရုံမှ စတင်ထုတ်လုပ်

Wed, 11/10/2010 - 11:45 -- Anonymous (not verified)

 ၂၅ ကောင် မော်တာသုံး ဆီစက်အသေးကို မန္တလေးစက်မှုဇုန်၊ မြန်မာသံလွင်စက်ရုံမှ စတင်ထုတ်လုပ်       ပြည်တွင်းဆီစက်လုပ်ငန်းများမှ မန္တလေးစက်မှုဇုန်နဲ့ စိန်ပန်းထုတ် ဆီစက်ကြီးများကို အဓိကထား အသုံးပြုလျက်ရှိရာ တစ်ပိုင်တစ်နိုင် အသုံး ပြုနိုင်မယ့် ၂၅ ကောင် မော်တာသုံးဆီစက်ကို မန္တလေးစက်မှုဇုန်၊ မြန်မာ သံလွင်စက်ရုံတို့မှ ယခုလမှစ၍ ထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။       ယခင်က တစ်ပိုင်တစ်နိုင်သုံး ဆီစက်အသေးများကို တရုတ်နိုင်ငံမှ တင်သွင်းအသုံးပြုလျက်ရှိရာ ယခုလမှစ၍ မန္တလေးစက်မှုဇုန်မှ ထုတ်လုပ် လိုက်၍ သွင်းကုန်အစားထိုး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ မြန်မာသံလွင်စက်မှု၊ လက်မှုလုပ်ငန်းမှ ဦးမြင့်သန်းက 'လောလောဆယ် စက်အသေးကို တရုတ်ကသွင်းတာ သုံးရတယ်။ တရုတ်စက်က ဂျာလီ ကွင်းကျိုးပဲ့တဲ့အတွက် အခက်အခဲရှိလို့ စမ်းသပ်ထုတ်လုပ်တာ အောင်မြင် တယ်။ ဒီရက်ပိုင်း တရုတ်စက်လည်း အဝင်မရှိလို့လာမှာကြတယ်။ ကျွန်တော့်  စက်ကို တရုတ်ပုံစံနဲ့ ထုတ်လုပ်တယ်။ ပဲဆံကြိတ်တဲ့အဝမှာ တရုတ်က အာလိန်နဲ့ ကျွန်တော်က ဒလက်ထည့်ထားတယ်။ စက်ကိုသံမဏိသံစိမ်း အပျော့စီးနဲ့ လုပ်ထားတယ်'လို့ ပြောပါတယ်။ တစ်နိုင်တစ်ပိုင်သုံး ဆီစက်များကို ၁၁ဝ မီလီမီတာနဲ့ ၁၃ဝ မီလီမီတာ အာလိန်ဆိုဒ်များ ထုတ်လုပ်လျက်ရှိပြီး ပဲဆံထည့်တဲ့အိုးမှာ ၂၁ လက်မ အကျယ်ဖြင့် ထုတ်လုပ်ထားကြောင်းသိရပါတယ်။ ၁၃ဝ မီလီမီတာရှိဆီစက်မှာ ကျပ် ၃၅ သိန်း၊ ၁၁ဝ မီလီမီတာရှိ ဆီစက်မှာ ကျပ် ၂၇ သိန်းဖြင့် ရောင်းချမည်ဖြစ်ပြီး၊ သံလွင်စက်မှုလက်မှု ၅၉ လမ်းနဲ့ ဖိုးရာဇာလမ်းထောင့် ံ ၂ဝ၁။၁ သို့ ဆက်သွယ်မှာယူနိုင်ကြောင်းသရိ ပါတယ။်                                                                                                   ဇူးဇူး