Main menu

Background

နိုဝင်ဘာလဆန်းပိုင်း ရုံးခန်းအငှားများ ဆက်ရှိနေ

Thu, 11/11/2010 - 03:37 -- Anonymous (not verified)

 နိုဝင်ဘာလဆန်းပိုင်း ရုံးခန်းအငှားများ ဆက်ရှိနေ           ရန်ကုန် အိမ်ခြံမြေဈေးကွက်တွင် အရောင်းဈေးကွက် အေးလာသော် လည်း နိုဝင်ဘာလဆန်းပိုင်းတွင် ရုံးခန်း အငှားများဆက်ရှိနေကြောင်း အိမ်ခြံ မြေ ကုမ္ပဏီများက သိရသည်။           '' အိမ်ခြံမြေ အရောင်းအဝယ် ဈေး ကွက်က ရွေးကောက်ပွဲ နီးနေတာ ကြောင့်လဲပါတယ်။ နောက်တစ်ချက် က မြန်မာငွေတန်ဖိုး မြင့်လာတာ ကြောင့်လည်းပါတယ်။ အရင်က ၁ ဒေါ်လာကို မြန်မာငွေ ၁ဝဝဝ လောက် ရှိနေရာက အခုဆိုရင် ၁ ဒေါ်လာကို ၉ဝဝ ဝန်းကျင်ရှိပါတယ်။ ဒါကြောင့် မြေကွက်အရောင်းအဝယ် ဈေးကွက် အေးနေပေမဲ့ ရုံးခန်းအတွက် အငှား တွေ ဆက်ရှိနေပါတယ်။ နိုဝင်ဘာလ ဆန်းထဲမှာ မြေညီထပ် တိုက်ခန်း (ဖုန်းပါ) တစ်လကို ကျပ် ၄ သိန်းခွဲ၊ ကမ္ဘာအေးဘုရားလမ်းပေါ်က တိုက် ခန်း ပထမထပ်ကို ကျပ် ၃ သိန်းခွဲနဲ့ ဗဟန်းမြို့နယ်ထဲမှာ အငှားဖြစ်ခဲ့တယ်။ အင်းလျားလမ်းပေါ်မှာ ရုံးခန်းအတွက် ၂၅ ကောင် မော်တာသုံး ဆီစက်အသေးကို မန္တလေးစက်မှုဇုန်၊ မြန်မာသံလွင်စက်ရုံမှ စတင်ထုတ်လုပ် တစ်လ ဒေါ်လာ ၁၂ဝဝ နဲ့ အငှားတည့် ခဲ့တယ်။             လူနေဖို့ တိုက်ခန်းအငှားအနေနဲ့ ပြည်လမ်းပေါ်က တော်ဝင်သီရိကွန်ဒို တစ်လကို ကျပ်သုံးသိန်းခွဲ၊ ဗဟန်းမြို့ နယ်ထဲက ဒဂုံတာဝါမှာ တစ်လကို ကျပ် နှစ်သိန်းနဲ့ အငှားဖြစ်ခဲ့တယ်''ဟု ယူနတီ ကုမ္ပဏီက ဦးဇော်ဇော်က ပြောကြား သည်။                                                                                                                                   ခင်မျိုးသွယ်