Main menu

Background

မြဝတီနယ်စပ်ကုန်သွယ်မှုမှ ကန်ဒေါ်လာ သန်း ၉၀ဝကျော် ရရှိထား

Thu, 09/29/2022 - 12:01 -- journal_editor

မြန်မာ-ထိုင်း  အဓိက   ကုန်သွယ်မှုပြုလုပ်နေသည့် မြဝတီနယ်စပ်ကုန်သွယ်မှုမှ  ယခု ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာ ၂ ရက်အထိ  အမေရိကန်ဒေါ်လာ သန်း ၉၀ဝ ကျော် ရရှိထားကြောင်း မြဝတီနယ်စပ် ကုန်သည် ကြီးများအသင်းက သိရသည်။        ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် ပြည်တွင်းထွက် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ   ၃၇၈ သန်းကျော်ရှိခဲ့ပြီး သွင်းကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ ၅၈၅ သန်းကျော်အထိ ရှိခဲ့သည်။ သြဂုတ်လတွင် ထိုင်းဘတ်ငွေ တစ်ဘတ်ကို ပြင်ပပေါက် ဈေး ကျပ် ၁၀ဝ အထိ မြင့်တက်ခဲ့သော်လည်း ယခု စက်တင် ဘာ ၂၁ရက်တွင် တစ်ဘတ်ကို ကျပ် ၇၀ အထိ ပြန်လည်ကျ ဆင်းခဲ့ခြင်းကြောင့် ပြည်တွင်းလိုအပ်ချက်ရှိနေသည့် ထိုင်း ပစ္စည်း ထုတ်ကုန်များကိုသာ အဓိကထား တင်သွင်းနေကြောင်း သိရ သည်။ လက်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ  ထိုင်းနိုင်ငံဘက် သို့ ပြည်တွင်းစိုက်ပျိုးရေးပို့ကုန်ဖြစ်သည့် ကြက်သွန်နီ၊ ပြောင်း၊ ပြောင်းမှုန့်၊ ငါး၊ မြေပဲဆန်၊ မြေပဲ၊ ငရုတ်၊ နနွင်း၊ ထောပတ်သီး၊ သတ္တုမှုန့်အပြင် ချုပ်ပြီးအထည်များကို အဓိကထား တင်ပို့နေ ခြင်းဖြစ်သည်။ထို့အတူ ထိုင်းနိုင်ငံဘက်မှ  ဆောက်လုပ်ရေးပစ္စည်း၊ ဆေးဝါး၊ ဆပ်ပြာမှုန့်၊  အလှကုန်ပစ္စည်းနှင့် စားသောက်ကုန် များကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။လက်ရှိတွင်    ထိုင်း-မြန်မာ  နှစ်နိုင်ငံကုန်သွယ်မှုကို မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး ၊ မောတောင်၊ မယ်စဲ့ စသည့် နယ်စပ်စခန်းများမှ ကုန်သွယ်မှုပြုလုပ်နေခြင်း ဖြစ်ကြောင်း 
သိရသည်။