Main menu

Background

ရှမ်းချင်းသစ် အဝင်နှေး

Thu, 11/11/2010 - 04:11 -- Anonymous (not verified)

ရှမ်းချင်းသစ် အဝင်နှေး        ချင်း (ဥမ) ဟောင်းတွေက ကုန်သလောက်ဖြစ်သွားပါပြီ။ ဈေးကွက် မှာတော့ ချင်းသစ်တွေသာ တစိမ့်စိမ့်ဝင်နေပါတယ်။ ဟဲဟိုးမြို့နယ်က မိုးခမ၊ ပေါ်လမော၊ ချော်နီဖေါက်စတဲ့ ရွာတွေကနေ တရက်ကို ပိဿာချိန် ငါးထောင်ခန့် ဝင်နေတယ်လို့ သိရပါတယ်။ တောင်သူတွေကလည်း ကြက်သွန်ဖြူ၊ ပန်းနှမ်း၊ ဆီမုံညှင်း တွေပြန်စိုက်ဖို့အတွက် မြေပြင်နေတဲ့အချိန် ဖြစ်တာကြောင့် ချင်းတက် တွေကို သိပ်မဖော်ဖြစ်သေးဘူးလို့ သိရပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလလယ်လောက် မှာတော့ ချင်းသစ်တွေ ဈေးကွက်ကို လှိုင်လှိုင်ဝင်တော့မှာဖြစ်ပါတယ်။ ချင်းသစ်တွေ ကလည်း ပြည်ပတင်ပို့မှုနည်းနေပါသေးတယ်။ ပြည်တွင်းသုံးအဖြစ်သာ ဝယ်ယူနေ တဲ့အတွက် ဈေးကလည်းကြိုက်ဈေးမရသေးတာကြောင့် ငွေလိုတဲ့ တောင်သူတွေ လောက်သာ ဖော်ရောင်းနေတယ်လို့ သိရပါတယ်။ ချင်းဈေးက အရင်တစ်ပတ်က ထက်တော့ တက်လာပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က တစ်ပိဿာ ၆ဝဝ ကျပ်၊ ၆၅ဝ ကျပ်မှ ဒီတစ်ပတ်မှာ ၈ဝဝ ကျပ်ဈေးရှိလာပါတယ်။ ချင်းခြောက်ကလည်း အရင်တစ် ပတ်ကထက် ဈေးအနည်းငယ်ပြန်တက်လာပြီး တစ်ပိဿာ ၂၄ဝဝ ကျပ်ဈေးရှိ လာပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၂၇ဝဝ ကျပ်ဈေးနဲ့သာ ဈေးငြိမ်နေပါတယ်။                                                                                                                                           ဧဧခိုင်