ပြည်မြို့ရဲ့ ပရဆေးကုန်ကြမ်းဈေးကွက် ပြည်မြို့က ပရဆေးကုန်ကြမ်းတွေကို မန္တလေးကုန်သည်တို့ ဝယ်ယူ ကြပြီး အဓိကဝယ်ယူနေတဲ့ ကုန်စည်တွေကတော့ ဖံျဥ (ခေါ်) ဝဥခြောက်၊ တရုတ် စကားပွင့် အခြောက်၊ ငါးကြီးအံဖတ်၊ တပင်တိုင်ရွှေထီး အခြောက်၊ ပုစွန်သစ်ခွ၊ ပန်းပုတီး၊ ဂျိုးစပေါက်စေ့တို့ဖြစ်ကြပါတယ်။ ယခုအချိန်မှာ ဖံျဥ (ခေါ်) ဝဥခြောက် တစ်ပိဿာ ၂၈ဝဝ ကျပ်မှ ၃ဝဝဝ ကျပ်ဈေးနဲ့ ဈေးစဖွင့်နေပြီး၊ တရုတ်စကားပွင့် ခြောက်အဖြူကို ၁၂ဝဝဝ ကျပ်နဲ့ အနီကို ၁ဝဝဝဝ ကျပ်ဈေးရှိပါတယ်။ ငါးကြီး အံဖတ်မှာလည်း တစ်ပိဿာ ၁၅ဝဝဝ ကျပ်ရှိကြောင်း သိရပါတယ်။ တပင်ရွှေထီးပင် ကို အချို့ ရေပြာပင်လို့လည်း ခေါ်ကြပြီး အခြောက်တစ်ပိဿာကို ၁ဝဝဝဝ ကျပ် ဈေး ရှိပါတယ်။ ဆောင်းတွင်းမှာ စပေါ်တဲ့ပုစွန်သစ်ခွကိုတော့ တစ်ပိဿာကို ၃ဝဝဝ ကျပ်ဈေးနဲ့ စတင်ဝယ်ယူနေပါပြီ။ ရှားပါးတဲ့ ပန်းပုတီး(သစ်ခွမျိုး)ကိုတော့တစ်ပိဿာ ကို ၁၅ဝဝဝ ကျပ်ဈေးဖြင့် ဝယ်ယူနေကြောင်း သိရပါတယ်။ ယဉ်သိမ့်နွေး
Background