ဝယ်လက်ရှိတဲ့ ရှမ်းနနွင်းဈေးမာ အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ် ရှမ်းနနွင်းဈေးက အနည်းငယ်ပြောင်း လဲလာပါတယ်။ ဒီနှစ်က နနွင်းဈေးကောင်းခဲ့တာကြောင့် ပေါ်ကာစ မှာကတည်းက ဈေးကောင်းခဲ့ပါတယ်။ တစ်ရာသီလုံး ဈေးကောင်းခဲ့ပြီး ကုန်ခါနီးမှာမှ ဈေးလျော့ လာပါတယ်။ ပြည်ပဝယ်လိုအား ကောင်းခဲ့တာကြောင့် နနွင်းသန့်တွေကတော့ လက်ကျန်လည်းပြတ်သွားပါတယ်။ အောက်တိုဘာလ တစ်လလုံး နနွင်းဈေးက တစ်ပိဿာ ၂၉ဝဝ ကျပ်ဈေးနဲ့သာ ဈေးငြိမ်နေပြီး နိုဝင်ဘာလဆန်းမှာ ရန်ကုန် ဝယ်လက်တွေ ဝယ်ယူလာလို့ ဈေးအနည်းငယ်တက်လာပါတယ်။ ဒီတစ်ပတ် နနွင်း ဈေးက နနွင်းသန့် တစ်ပိဿာ ၃ဝဝဝ ကျပ်၊ ၃၁ဝဝ ကျပ်၊ နနွင်းညံ့က တစ်ပိဿာ ၂၈ဝဝ ကျပ်၊ နနွင်းခေါင်းကတော့ တစ်ပိဿာ ၂၂ဝဝ ကျပ်၊ နနွင်းခါးက တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၂၅ဝဝ ကျပ်-၂၆ဝဝ ကျပ်ဈေးနဲ့သာ ဈေးငြိမ်နေတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်
Background