အောက်တိုဘာမန်ကျည်းအပို့ ယခင်နှစ်မမီ ပြည်တွင်းဒေသထွက် မန်ကျည်းကို ရေကြောင်းကနေ အောက်တိုဘာလ အတွင်း တင်ပို့မှုကိုကြည့်ရင် အာရပ် စော်ဘွားများနိုင်ငံသို့ ၆၆ တန် တစ်ကြိမ်သာ တင်ပို့နိုင် ခဲ့ပြီး ယခင်လတင်ပို့မှု ၈၈ တန်ထက် လျော့နည်းကာ အပို့ ကျသွားကြောင်းသိရပါတယ်။ ယမန်နှစ် အောက်တိုဘာလက မန်ကျည်းကို စင်ကာပူ၊ ရီမင်၊ ပါကစ္စတန်နဲ့ အာရပ် နိုင်ငံများဘက်ကို တန်ချိန် ၃ဝဝ ကျော် တင်ပို့ နိုင်ခဲ့သော်လည်း ဒီနှစ် အလားတူကာလမှာ မန်ကျည်းအပို့ကျခဲ့တာ တွေ့ရပါတယ်။ ဒီနှစ်အတွင်း ဇွန်၊ ဇူလိုင် လကအပို့ကောင်းခဲ့ပေမယ့် ဒီနောက် ပိုင်းလတွေမှာ မိုးရာသီနဲ့ လှောင်လက် ထုတ်ရောင်းတာ နည်းခဲ့တာကြောင့် အပို့လျော့ခဲ့ကြောင်း သိရပါတယ်။ MIRT (DOT)
Background