ဝယ်လိုအားကျလို့ အယ်လ်စီဒီတီဗွီတွေ ဈေးကျ အမေရိကန်ပြည်ထောင်စုနဲ့ တခြားဖွံ့ဖြိုးပြီးဈေးကွက်တွေမှာ ဖလက်တီဗွီနဲ့ အယ်လ်စီဒီ တီဗွီတွေ ဈေးကျနေတယ်လို့ ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတွေက ပြောကြားပါတယ်။ အာရှ အီလက်ထရွန်းနစ်ကုမ္ပဏီတွေရဲ့ ပြီးခဲ့တဲ့တတိယသုံးလပတ် အစီရင်ခံစာမှာ ယခုကဲ့သို့ ခန်းမှန်းထားတာဖြစ်ပါတယ်။ မတ်လကုန်ဆုံးခဲ့တဲ့ ဘဏ္ဍာနှစ် အတွက် ကုမ္ပဏီရဲ့ဝင်ငွေကို ဂျပန် Sharp ကုမ္ပဏီက လျှော့ချခန့်မှန်း ထားပါတယ်။ လွန်ခဲ့တဲ့ တတိယသုံးလပတ်အတွင်းမှာ အကြီးစားတီဗွီတွေရဲ့ ဝယ်လို အားကျဆင်းခဲ့တဲ့အတွက် ထုတ်လုပ်မှုကို ပြန်လည်ညှိနှိုင်းရမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ထွန်းသစ်စဈေးကွက်တွေမှာ အက်လ်စီဒီတီဗွီအရောင်းသွက်ခဲ့တဲ့ အတွက် ကုမ္ပဏီရဲ့ အိမ်တွင်းဖျော်ဖြေရေး ပစ္စည်းထုတ်လုပ်မှု အပိုင်းက ဝင်ငွေမြင့် တက်ခဲ့ပေမယ့် ကုမ္ပဏီရဲ့ဝင်ငွေက ၅၂ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ တောင်ကိုရီးယား အယ်လ်ဂျီအီလက်ထရွန်းနစ်ကုမ္ပဏီကပြောကြားပါတယ်။ တီဗွီလုပ်ငန်းမှာ ဈေးနှုန်းကျဆင်းတဲ့အတွက် စတုတ္တသုံးလပတ်မှာ ကုမ္ပဏီဝင်ငွေ ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ စက်တင်ဘာမှာ ကုန်ဆုံးခဲ့တဲ့သုံးလပတ်မှာ အယ်လ်စီဒီဈေးနှုန်းတွေကျဆင်းခဲ့ တယ်လို့ ဆိုနီကော်ပိုရေးရှင်းကပြောပါတယ်။ မြောက်အမေရိကဈေးကွက် မခိုင်မာ တဲ့အတွက် ဖလက်တီဗွီရောင်းတဲ့အပိုင်းက ဝင်ငွေကျဆင်းလိမ့်မယ်လို့ ကုမ္ပဏီ ခန့်မှန်းထားပါတယ်။ တောင်ကိုရီးယားကုမ္ပဏီ ဆမ်ဆောင်းအီလက်ထရွန်းနစ်ကလည်း အယ်လ်စီဒီ ဈေးကွက်တွေ ကျဆင်းလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ Source : Internet
Background