စမတ်ဖုန်းထုတ်လုပ်ရာမှာ ဆမ်ဆောင်းက စတုတ္ထအကြီးမားဆုံးဖြစ် ဂယ်လာဇီအက်စ်စမတ်ဖုန်းကို ထုတ်လုပ်ပြီး နောက်ပိုင်း ဆမ်ဆောင်း အီလက်ထရွန်းနစ်ကုမ္ပဏီဟာ တရုတ်(တိုင်ပေ)မှ HTC ကိုကျော်ဖြတ်ပြီး ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်မှုမှာ အမှတ် ၄ နေရာသို့ပထမဆုံးအ ကြိမ်အဖြစ်ရောက်ရှိခဲ့ ပါတယ်။ တတိယသုံးလပတ်အတွင်းက ဆမ်ဆောင်းရဲ့ စမတ်ဖုန်းရောင်းချမှုက ၇ ဒသမ ၈၅ သန်းရှိပြီး HTC က ၆ ဒသမ ၈ သန်းသာ ရှိခဲ့ပါတယ်။စမတ်ဖုန်းထုတ်လုပ်ရာမှာ နိုကီရာက ဦးဆောင်နေပြီး ရီဆတ်ချ်အင်မိုးရှင်းနဲ့ ဘလက်ဘယ်ရီတို့က နောက်မှ အသီးသီးလိုက်ပါနေပါတယ်။ စမတ်ဖုန်းနဲ့တခြားဟန်းဆက်တွေပါဝင်တဲ့ အထွေထွေမိုဘိုင်းဖုန်းဈေးကွက်မှာ တတိယသုံးလပတ်က ဆမ်ဆောင်းရဲ့ရောင်းအားက ၇၁ ဒသမ ၄ သန်းရှိခဲ့ပြီး နံပတ် ၁ နေရာရှိ နိုကီရာနဲ့ကပ်ပါလာပြီး ဈေးကွက်နဲ့ ၂၁ ရာခိုင်နှုန်းကို ရယူနိုင် ခဲ့ပါတယ်။ နိုကီရာရဲ့ဈေးကွက်ဝေစုက ယခင်နှစ်အလားတူကာလက ၃၆ ဒသမ ၅ ရာခိုင် နှုန်းရှိခဲ့ရာကနေ ၃၂ ဒသမ ၄ ရာခိုင်နှုန်းကိုကျဆင်းခဲ့ပါတယ်။ဈေးကွက် သုတေသနအဖွဲ့ဖြစ်တဲ့ IDC ရဲ့အဆိုအရ အယ်လ်ဂျီအီလက်ထရွန်းက ဈေးကွက်ဝေစု ၈ ဒသမ ၃ ရာခိုင်နှုန်းနဲ့ တတိယ၊ ဒီနောက်မှာအက်ပဲ (၄ ဒသမ ၁ ရာခိုင်နှုန်း)နဲ့ RIM (၃ ဒသမ ၆ ရာခိုင်နှုန်း)တို့က နောက်မှလိုက်လျက်ရှိပါတယ်။ Source .chosun.com
Background