ဗီယက်နမ် နို့ထုတ်လုပ်ရေးလုပ်ငန်းရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ဖို့ ဝန်ကြီးဌာနက တိုက်တွန်း ပြည်ပမှ တင်သွင်းတဲ့ကုန်ကြမ်းများကို မှီခိုနေရမှုနှင့် နည်းပညာအဆင့်မြင့်ကိရိယာတွေကို အသုံးမချနိုင်တဲ့အတွက် ဗီယက်နမ် နို့ ထုတ်လုပ်ရေးလုပ်ငန်းရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ဟာ အားနည်းလျက်ရှိတယ်လို့ အရာရှိတွေကပြောကြားပါတယ်။၂ဝဝ၆ ခုနှစ်က ၂ဝ၁ဝ ပြည့်နှစ် အတွင်း ပြည်တွင်းထုတ်လုပ်တဲ့ကုန်ကြမ်းကလို အပ်ချက်ရဲ့ ၂၄ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ စက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အသေးစား စက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဖန်ချီဒန်းက ပြောကြားပါတယ်။ ရည်မှန်းချက်က ၄ဝ ရာခိုင် နှုန်းဖြစ်ပါတယ်။ ၂ဝ၂၅ ခုနှစ်မှာ ပြည်တွင်းထုတ်ကုန်ကြမ်းတွေက နို့နဲ့ဒိန်ချဉ်ထုတ်လုပ်မှုလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ နို့မှုန့်ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေကို တင်သွင်းနေရဆဲဖြစ်ပါတယ်။ နို့ထုတ်လုပ်ရေးလုပ်ငန်းမှာ နို့အရည်အသွေး တစ်ညီတစ်ညွှတ်တည်း မရှိမှုနဲ့ ဈေးနှုန်းမတည်ငြိမ်မှုစတဲ့ အခြားအခက်အခဲတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။ ''နိုင်ငံတော် အေဂျင်စီတွေက နို့ဈေးနှုန်းကို အနီးကပ်ကြီးကြပ်မှုမရှိဘူး။သူတို့က အကောက်ခွန်နဲ့ ပြည်တွင်းအခွန်အကောက်ဌာနတွေက ဈေးနှုန်းကြီးကြပ်စစ်ဆေးတဲ့ ဈေးကွက် စီမံခန့်ခွဲမှုဌာနတွေနဲ့ ဆက်စပ်မှုမရှိဘူး''လို့သူကပြော ပါတယ်။ ယခင်က မြင့်မားနေတဲ့ ငွေဖေါင်းပွမှု ၊အတိုးနှုန်းမြင့်မားမှုနဲ့ ငွေကြေးဖလှယ်နှုန်း မတည်ငြိမ်မှုတို့ကြောင့် ဒီလုပ်ငန်းကဏ္ဍမှာ ပြဿနာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ စီးပွားရေးကျဆင်းမှုနဲ့ မယ်လမင်းပြဿနာကြောင့် ရောင်းအားတွေကျဆင်းခဲ့ပါတယ်။ Source .vietnamnet.vn
Background