Main menu

Background

ဝယ်လိုအား မြင့်တက်လာမှုကြောင့် ဂျပန်စီးပွားရေးလုပ်ငန်းတွေ အကျိုးအမြတ်ရှိ

Thu, 11/11/2010 - 05:11 -- Anonymous (not verified)

 ဝယ်လိုအား မြင့်တက်လာမှုကြောင့် ဂျပန်စီးပွားရေးလုပ်ငန်းတွေ အကျိုးအမြတ်ရှိ         ထွန်းသစ်စဈေးကွက်တွေရဲ့ ဝယ်လိုအားကြီးထွားမှုကြောင့် ဂျပန်နိုင်ငံရှိ မော်တော်ကား အီလက်ထရွန်းနစ် ထုတ်လုပ် သူတို့ အပါအဝင် ဂျပန်စီးပွားရေးလုပ်ငန်းအများအပြားရဲ့ အမြတ်အစွန်းဟာ ဇူလိုင် စက်တင်ဘာလ သုံးလပတ် ကာလအတွင်း မြင့်တက်တယ်လို့ အောက်တိုဘာလ ၃၁ ရက်ကထုတ်ပြန်တဲ့ နီကေး နေ့စဉ်မှာဖေါ်ပြထားပါတယ်။ဂျပန်စီးပွားရေးလုပ်ငန်း ၄၇၅ ခုရဲ့ စုစုပေါင်းအမြတ်အစွန်းဟာ ယခုသုံးလပတ်အတွင်းမှာ နှစ်အလိုက်နှုန်းအရ ၈၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ နီကေး နေ့စဉ်မှာ ဖေါ်ပြပါတယ်။ ဒီကုမ္ပဏီ ၄၇၅ ခုထဲမှာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ စတော့ဈေးကွက်မှာ အသစ်မှတ်ပုံတင်တဲ့ လုပ်ငန်း တွေ မပါဝင်သေးပါဘူး။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပက ဝယ်လိုအား ပြန်လည်နာလန်ထူလာတဲ့အတွက် လုပ်ငန်း ၄၇၅ ခုနှစ် အနက် ၂၁၅ ခုရဲ့ဝယ်လိုအားက ပိုမိုမြင့်တက်လာပြီး အကျိုးအမြတ်တွေကလည်း အတက်ဖက် ကိုဦးတည်နေပါတယ်။ စစ်တမ်း ကောက်ယူထားတဲ့လုပ်ငန်းအားလုံးရဲ့ စုစုပေါင်းအမြတ်အစွန်းက စံချိန်အမြင့်ဆုံး ဖြစ်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ်ဧပြီ-ဇွန် သုံးလပတ်ရဲ့ ၉၈ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။ ယခုတိုးတက်မှုက ဧပြီ-ဇွန်သုံးလပတ်နဲ့ နှိုင်းယှဉ်ရင်လဲ ၁၄ ရာခိုင်နှုန်းတိုးတက်မှုရှိတာတွေ့ရပါတယ်။                                                                                                                Source .thedailystar.com