Main menu

Background

ကံမမြို့နယ် ကျေးရွာများမှထွက်ရှိသည့် ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲကြီး ဈေးနှုန်းဈေးကွက်အခြေအနေ

Fri, 11/11/2022 - 10:49 -- journal_editor

ကံမမြို့နယ်မြောက်ချောင်းဘက်ရှိ ရေနံသာကျေးရွာ၊ ဆုံကုန်းခြောက်ပင်၊ သံပရာ၊ ဥသျှစ်ကုန်း၊ မင်းတည်း စသည့်ကျေးရွာ များမှထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဆောင်းသီးနှံပဲတီစိမ်းများ စတင်ထွက်ပေါ်လျက်ရှိသည်။ ပဲတီစိမ်း ၃၀ ပိဿာဝင် တစ်အိတ်လျှင် အောက်တိုဘာ တတိယပတ်တွင် ကျပ် ၇၀ဝ၀ဝ ရှိခဲ့ရာ စတုတ္ထပတ်တွင် ၃၀ ပိဿာဝင် တစ်အိတ်လျှင် ကျပ် ၆၇၀ဝ၀ မှ ၇၀ဝ၀ဝ အထိဖြစ်ပြီး ပဲအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းအတက်ဖြင့် တစ်ပတ်လျှင် အိတ် ၅၀ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
မတ်ပဲ ၃၀ ပိဿာဝင် တစ်အိတ်လျှင် ယခင်တစ်ပတ် ကျပ်  ၉၀ဝ၀ဝ၊ ယခုတစ်ပတ်တွင် ကျပ် ၉၀ဝ၀ဝ ဖြင့် ဈေးငြိမ်နေပြီး ပဲကြီးမှာ  ၃၀ ပိဿာဝင် တစ်အိတ်လျှင် ယခင်တစ်ပတ် ကျပ်၁၀၅၀ဝ၀၊ ယခုတစ်ပတ်တွင်လည်း ကျပ် ၁၁၀ဝ၀ဝ ဖြစ်၍ ယခင်တစ်ပတ်ထက် ဈေး ကျပ် ၅၀ဝ၀ ဈေးမြင့်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေနံ့သာကျေးရွာ ကုန်သည်တစ်ဦးထံမှ သိရသည်။                                                                                                                                                          

နွဲ့ယဉ်ဝင်း