Main menu

Background

ဆန်တင်ပို့မှု အတွက် စည်းမျဉ်းဥပဒေသစ်ကို ဗီယက်နမ်က ထုတ်ပြန်

Thu, 11/11/2010 - 05:25 -- Anonymous (not verified)

ဆန်တင်ပို့မှု အတွက် စည်းမျဉ်းဥပဒေသစ်ကို ဗီယက်နမ်က ထုတ်ပြန်         ဗီယက်နမ်အစိုးရက ဆန် ပြည်ပ တင်ပို့မှုဆိုင်ရာ ဒီဂရီအမိန့်ကို ထုတ်ပြန်ထားပြီး လာမယ့်နှစ်မှာ စတင်အကောင် အထည် ဖော် မှာ ဖြစ်ပါတယ်။ ဒီဂရီအမိန့်အရ ဆန်တင်ပို့ မယ့် ကုန်သည်ဟာ တရားဝင်ကုန်သွယ်ခွင့် လက်မှတ်ရှိရပါမယ်။ အနည်းဆုံး ဆန်တန်ချိန် ၅ဝဝဝ သိုလှောင်နိုင်တဲ့ သိုလှောင်ရုံတစ်လုံး၊ တစ်နာရီ ဆန် ၁ဝ တန်ကျ ဆန်စက်တစ်လုံးရှိရမှာ ဖြစ်တဲ့အပြင် လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သတ်မှတ် ထားတဲ့ စံချိန် စံညွှန်းတွေကိုလည်း လိုက်နာ ရမှာ ဖြစ်ပါတယ်။ Source:VNS