Main menu

Background

ဂျပန်နိုင်ငံ၏ ပင်လယ်ရေထွက် သတ္တဝါများ  ဖမ်းဆီးခြင်းဆိုင်ရာ အစီအစဉ် အကောင်အထည်ဖော်

Thu, 12/08/2022 - 14:17 -- journal_editor

ဂျပန်နိုင်ငံ ငါးဖမ်းလုပ်ငန်းအေဂျင်စီမှ ပင်လယ်ရေထွက်သတ္တဝါများ ဖမ်းဆီးခြင်းဆိုင်ရာအစီအစဉ် (Japan Catch Documentation Scheme-JCDS) ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ကြောင်း ဂျပန်နိုင်ငံ ငါးဖမ်းလုပ်ငန်းအေဂျင်စီမှ သိရှိရသည်။
ဂျပန်နိုင်ငံသို့ သတ်မှတ်ထားသည့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် ဖမ်းဆီးခွင့်လက်မှတ် (Catch Certificate) လိုအပ်မည်ဖြစ်သည်။  The Draft Flag State Notification  မပေးပို့ရသေးသည့်နိုင်ငံများအနေဖြင့်Mr.Yoichiro Kimura (yoichirokimura680@maff.go.jp) နှင့် Mr.Kento Otsuyama  (kento otsuyama940@maff.go.jp) တို့ထံ ဆက်သွယ်၍ ပေးပို့ပေးရမည်ဖြစ်သည်။ email consultation  ပြုလုပ်ပြီးသည့် နိုင်ငံများအား  Catch Certificate  ထုတ်ပေးနိုင်ရန်အတွက်  Flag State Notification အား သံတမန်လမ်းကြောင်းမှတစ်ဆင့် ပေးပို့ရမည်ဖြစ်ကြောင်းနှင့် email consultation  မပြုလုပ်ရသေးသည့်နိုင်ငံများအား Class II  ငါးထွက်ကုန်များကို တင်သွင်းခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 
၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း   မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံသို့ ငါးတန်ချိန် ၃၄၄ ဒသမ ၃၃ တန်၊ ပုစွန်တန်ချိန် ၃၁၃၁ဒသမ၉၁၃ တန်၊ အခြား ၂၃၀၈ ဒသမ ၉၅၇ တန် စုစုပေါင်းမက်ထရစ်တန်ချိန် ၅၇၈၅ ဒသမ၂ တန်၊ အမေရိကန် ဒေါ်လာ တန်ဖိုး ၂၉ဒသမ၄၄၈ သန်း  တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဂျပန်နိုင်ငံသို့ သတ်မှတ်ထားသည့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် ဖမ်းဆီးခွင့်လက်မှတ် (Catch Certificate) အပါ အဝင် သက်ဆိုင်ရာနိုင်ငံ၏ အထောက်အထားများ လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။    
သတင်းရင်းမြစ်။ ငါးဖမ်းလုပ်ငန်းအေဂျင်စီ၊ ဂျပန်နိုင်ငံ 
MITC News, MOC(IR)