Main menu

Background

လက်ရှိကမ္ဘာ့နှမ်းဈေးကွက်ကို လေ့လာကာ မြန်မာ့နှမ်းများ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ဘာတွေလုပ်သင့်သလဲ

Thu, 11/11/2010 - 08:57 -- Anonymous (not verified)

လက်ရှိကမ္ဘာ့နှမ်းဈေးကွက်ကို လေ့လာကာ မြန်မာ့နှမ်းများ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ဘာတွေလုပ်သင့်သလဲ ကမ္ဘာမှာ မြန်မာက တတိယနှမ်းအများဆုံး ထုတ်လုပ်       ကမ္ဘာမှာ လူတစ်ဦး နှမ်းအများဆုံး စားသုံးမှုအနေနဲ့ ကိုရီးယားက ပထမနေရာမှာရှိပြီး ဂျပန်၊ တရုတ်တို့ ကလည်း ဒုတိယ အများဆုံး စားသုံးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နိုင်ငံလူဦးရေ အနည်းအများအလိုက် တရုတ်နိုင်ငံရဲ့ နှမ်းစားသုံးမှုက ကမ္ဘာမှာ အများဆုံး ဖြစ်နေပါတယ်။ မကြာသေးခင်က တရုတ်နိုင်ငံမှာကျင်းပ တဲ့ ကမ္ဘာ့နှမ်းညီလာခံမှာ တင်ပြတဲ့ အစီရင်ခံစာများအရ ကမ္ဘာ့နှမ်း ထုတ်လုပ်မှုကို လေ့လာကြည့်မယ်ဆိုရင် အများဆုံးထုတ်လုပ်တဲ့ နိုင်ငံ များကတော့ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ဆူဒန်၊ နိုက်ဂျီးရီးယား၊ အီသီယိုးပီးယား၊ တန်ဇန်းနီးယားနဲ့ မိုဇမ်ဘစ်တို့ဖြစ်ပြီး တရုတ်က အများ ဆုံးနဲ့ မြန်မာနိုင်ငံက တတိယအများဆုံး ထုတ်လုပ်တဲ့ စာရင်းမှာ ပါဝင်နေပါတယ်။ ထုတ်လုပ်တဲ့ နိုင်ငံတွေထဲက ပြည်ပတင်ပို့တဲ့နိုင်ငံ တွေက တော့ အိန္ဒိယ၊ ဆူဒန်၊ အီသီယိုးပီးယား၊ တရုတ်၊ မြန်မာနိုင်ငံ၊ နိုက်ဂျီးရီးယားနဲ့ တန်ဇန်းနီးယားတို့ဖြစ်တဲ့ အနက် အိန္ဒိယကတော့ တင်ပို့မှုအများဆုံးဖြစ်တာတွေ့ရပါတယ်။ တင်သွင်းနိုင်ငံများအနေနဲ့ ၂ဝဝ၉ ခုနှစ် စာရင်းအရ တရုတ်နိုင်ငံက တန်ချိန် ၃၁ဝဝဝဝ နဲ့ အများဆုံး တင်သွင်းခဲ့ပြီး အရှေ့အလယ်ပိုင်းနိုင်ငံများက တန်ချိန် ၂၈ဝဝဝဝ၊ ဂျပန်က တန်ချိန် ၁၈၅ဝဝဝ နဲ့ တောင်ကိုရီးယားက တန်ချိန် ၁၃ဝဝဝဝ ဝန်းကျင်တင်သွင်းခဲ့တာ တွေ့ရပါတယ်။ တရုတ် နိုင်ငံဟာ ကမ္ဘာမှာ နှမ်းအများဆုံး ထုတ်လုပ်သူဖြစ်ပေမဲ့ စားသုံးမှု များတဲ့အတွက် တင်သွင်းမှုမှာလည်း ကမ္ဘာ့ထိပ်တန်း စာရင်းဝင် ဖြစ်တာ တွေ့ရပါတယ်။ဂျပန်နှမ်းတင်သွင်းမှု        နှမ်းစားသုံးမှု ၊ တင်သွင်းမှု အများဆုံးစာရင်းဝင် ဂျပန်နိုင်ငံ ဟာ နှစ်စဉ်နှမ်းမျိုးစုံ တန်ချိန် ၁၅ဝဝဝဝ အထက် တင်သွင်းလျက် ရှိပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ နိုင်ငံတကာ ကုန်စည်ဈေးနှုန်းများ မြင့် တက်ခဲ့ရာ ဂျပန်နိုင်ငံဆိပ်ကမ်း အရောက် တန်ဇန်းနီးယားနဲ့ မိုဇမ်ဘစ်နှမ်းဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၂၇၅ဝ အထက်မှာ ရှိခဲ့ ပြီး၊ ပါရာဂွေး နှမ်းဖြူဈေးကလည်း တစ်တန်ကို ကန်ဒေါ်လာ ၃ဝဝဝ ကျော်ရှိခဲ့တာကြောင့် တန်ချိန် ၁၆၅ဝဝဝ သာ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အလားတူ ၂ဝဝ၉ ခုနှစ်မှာလည်း နိုင်ငံတကာစီးပွားရေး အကြပ်အတည်းကြောင့် ဝယ်လိုအားနည်းပါးခဲ့တာကြောင့် တန်ချိန် ၁၆၄ဝဝဝ ကျော်တင်သွင်းခဲ့ရတယ်လို့ သိရပါတယ်။ ဂျပန် နိုင်ငံကို မြန်မာနိုင်ငံ က နှစ်စဉ်နှမ်းတန်ချိန် တစ်သောင်းဝန်းကျင် တင်ပို့ရာမှာ နှမ်းနက်ကို အဓိကတင်ပို့နေပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဂျပန်နှမ်းဝယ်ယူရေးအစီအမံ        ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွက် တင်သွင်းမယ့်အစီအမံအနေ နဲ့ ဆီကြိတ်မဲ့နှမ်း တန်ချိန် ၈၅ဝဝဝ၊ နှမ်းဖြူ တန်ချိန် ၄၉ဝဝဝ ၊နှမ်းနက် တန်ချိန် ၁၄ဝဝဝ နဲ့ ရွှေရောင်နှမ်း တန် ၂ဝဝဝ၊ စုစုပေါင်း တန်ချိန် ၁၅ဝဝဝဝ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ စုစုပေါင်း နှမ်းမိုျးစုံတင်သွင်းမယ့် တန်ချိန် ၁၅ဝဝဝဝ ကို မစ်ဆူဘီရှီ ၊ အိတိုချူ မစ်ဆူရီ၊ Kanenatsy  နဲ့ စုမိတိုမို စတဲ့ ကုမ္ပဏီငါးခုက တင်သွင်း မယ်လို့ သိရပါတယ်။ ဆီနှမ်းတင်သွင်းမယ့် တန်ချိန် ၈၅ဝဝဝ အနက် ဘာကီနာဖူဆို၊ နိုက်ဂျီးရီးယား၊ တန်ဇန်းနီးယားနဲ့ မိုဇမ်းဘစ်၊ ယူဂန်ဒါနဲ့ မာလီနိုင်ငံတို့က ဇန်နဝါရီမှ ဇူလိုင်လ အတွင်း တန်ချိန် ၄၉၆၂ဝ တင်သွင်းခဲ့ပြီး ဖြစ်တယ်လို့ လေ့လာသိရပါတယ်။ ဂျပန်နိုင်ငံရဲ့ ဝယ်ယူရေး အစီအမံအရ ဆီနှမ်းဝယ်ယူဖို့ တန် ချိန် ၃၅ဝဝဝ ခန့် လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဂျပန်ဝယ်လက်များ ဟာ မြန်မာ့နှမ်းကို တစ်တန် ကန်ဒေါ်လာ ၁၃ဝဝ အောက်ဈေးနဲ့ ဝယ်ယူလိုကြပါ တယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ က လက်ရှိဝယ်ယူနေတဲ့ တစ်တန် ၁၃ဝဝ နဲ့ ၁၅ဝဝ ဒေါ်လာ အတွင်ဈေးကို လိုက်မမီနိုင်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကမ္ဘာမှာ နှမ်းအများဆုံး တရုတ်က တင်သွင်း လက်ရှိ အခြေအနေအရ ကမ္ဘာမှာ နှမ်း အများဆုံး ထုတ်လုပ်တဲ့ တရုတ်နိုင်ငံ ဟာ ပြည်ပကို အနည်း အကျဉ်းတင်ပို့မှုရှိပေမဲ့ တင်သွင်းမှုမှာလည်းကမ္ဘာ့ထိပ်တန်းစာရင်းဝင် ဖြစ်နေတာ တွေ့ရပါ တယ်။ တရုတ်နိုင်ငံဘက်ကရတဲ့စာရင်းများအရ ထုတ်လုပ်မှုအနေနဲ့ ၂ဝဝ၆-၂ဝဝ၇ မှာတန်ချိန် ၇ သိန်းထုတ် လုပ်ခဲ့ရာမှ ၂ဝဝ၉-၂ဝ၁ဝ မှာ တန်ချိန် ၄ သိန်းကို လျော့ကျခဲ့ပါတယ်။ တင်သွင်းမှုအနေနဲ့ ၂ဝဝ၉ ခုနှစ်မှာတန်ချိန် ၃၁ဝဝဝဝ ထိ မြင့်တက်ခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ တင် သွင်းမှု အနေနဲ့ တန်ချိန် ၂၁၂ဝဝဝ ကျော်ရှိပြီး အများဆုံး တင်သွင်းတဲ့ နိုင်ငံများနဲ့ ပမာဏကို ဖော်ပြလိုက်ပါတယ်-နိုင်ငံ                  ဇွန်မှ ဇူလိုင် (တန်ချိန်)အီသီယိုးပီးယား           ၁၂၈၃၂၅မြန်မာ                        ၂ဝ၉၃၅မာလီ(mail)                 ၁၅၉၃၈ဆူဒန်                        ၁၁၁၅၆                 တရုတ်နိုင်ငံက နှမ်း တင်သွင်းရာမှာ အီသီယိုးပီးယား က အများဆုံးဖြစ်ပြီး ဒုတိယအနေနဲ့ မြန်မာနိုင်ငံက အများဆုံး တင်သွင်းတာ တွေ့ရပါတယ်။ အဓိကအားဖြင့် ဆီနှမ်းအဖြစ် အာဖရိက နိုင်ငံများမှ တင်သွင်းမှုများတယ်လို့ သိရပါတယ်။ အာဖရိက နှမ်းကို အဓိကထားတင်ပို့ ကမ္ဘာမှာ အာရှ နိုင်ငံ တွေက နှမ်းစိုက်ပျိုးထုတ်လုပ်မှု များတယ်ဆိုပေမဲ့ သီးနံှ အကြိုက် ရာသီဥတုရှိတဲ့ အာဖရိကနိုင်ငံ တွေအတွက် နှမ်းဟာအလွန် အရေး ပါတဲ့ သီးနံှဖြစ်တာကို သိရပါတယ်။ လက်ရှိ ကာလ အထိပိုးသတ်ဆေးနဲ့ ဓါတုဓါတ် မြေ သြဇာတွေ သုံးစွဲခြင်းမရှိသေး တာဟာလည်း အာဖရိကရဲ့ အား သာချက်ပဲ ဖြစ်ပါတယ်။ အရှေ့ အာဖရိက နိုင်ငံတွေမှာ အဓိက စိုက်ပျိုးတဲ့ဆီနှမ်းကို မေ၊ ဇွန်နဲ့ သြဂုတ်လတွေ အတွင်းရိတ်သိမ်းလေ့ ရှိပါတယ်။ အာဖရိက နိုင်ငံတွေ က နှမ်းအများဆုံး စိုက်ပျိုးတယ်ဆိုပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ ပဲမျိုးစုံအများဆုံး စိုက်ပျိုးသလို စားသုံးမှုနည်းပြီး အဓိကအားဖြင့် ပြည်ပတင်ပို့တယ်လို့ သိရပါတယ်။ အဓိကတင်ပို့တဲ့ နိုင်ငံတွေ ကတော့ ဂျပန်၊ တရုတ်နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံ တချို့တို့ဖြစ်ပါ တယ်။စိုက်ဧရိယာအမြင့်ဆုံးကို ရောက်ရှိနေတဲ့ အရှေ့အာဖရိက       အရှေ့အာဖရိကဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က နှမ်းစိုက် ဧရိယာတိုးတက်ကြီးထွားခဲ့ရာ လက်ရှိအချိန်ဟာ စိုက်ဧရိယာအမြင့်ဆုံး အတိုင်းအတာကို ရောက်ရှိနေပြီလို့ သိရပါတယ်။ မိုဇမ်းဘစ်နဲ့ ယူဂန်ဒါနိုင်ငံတွေမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများရဲ့ ကြိုးပမ်းချက်တွေကြောင့် စိုက်ဧရိယာ အများဆုံး တိုးတက်ခဲ့ပြီး တန်ဇန်းနီးယားနိုင်ငံ ကတော့ စိုက်ဧရိယာ ထပ် တိုးနိုင်တော့မယ့် အခြေအနေမရှိတော့ဘူး လို့သိရပါတယ်။ အထွက်နှုန်းအနေနဲ့ တစ်ဟက်တာကို ၆ဝဝ ကီလို ရှိပါတယ်။ လက်ရှိ အခြေအနေမှာ တောင်သူတွေဟာ နှမ်း တစ်မျိုးထဲကို အားထားခြင်း မရှိကြတော့ပဲ ဝါ၊ ပဲတီစိမ်းတို့လို အခြားသီးနံှတွေကိုလည်း စိုက်ပျိုးလာကြပြီလို့ သိရပါတယ်။အနောက်အာဖရိကလည်း စိုက်ဧရိယာ တိုးခဲျ့မှုငြိမ်           အနောက်အာဖရိကနိုင်ငံတွေမှာလည်း လွန်ခဲ့တဲ့ နှစ် အနည်းငယ်အတွင်းက နှမ်းစိုက်ဧရိယာ ထူးထူးခြားခြား တိုးတက်ခဲ့ရာမှ လွန်ခဲ့တဲ့နှစ်မှာတော့ တိုးတက်မှု ငြိမ်သွားပြီလို့ သိရပါတယ်။ ဒီနိုင်ငံတွေမှာလည်း ဆီနှမ်းအဓိကစိုက်ပျိုးပြီး အောက်တိုဘာ၊ နိုဝင် ဘာလတွေမှာ ရိတ်သိမ်းတယ် လို့ သိရပါတယ်။ ပြည်ပကို အများစု တင်ပို့ပြီး အဓိက အနေနဲ့ ဂျပန်၊ တရုတ်၊ တူရကီနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံ တွေပဲ ဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့ အရှေ့အာဖရိက ထက် ပိုပြီး တစ်ဟက်တာကို ၇ဝဝ ကီလို ထွက်ရှိတယ်လို့ သိရပါတယ်။ ယခင်နှစ်ကတောင်သူတွေဟာ အခြား သီးနံှတွေထက် နှမ်းဈေးရတာ ပိုနည်းခဲ့တာကြောင့် ကာလတိုအတွင်းမှာ စိုက်ဧရိယာ ကျဆင်းနိုင် တယ်လို့ ခန့်မှန်းထားတာကို တွေ့ရပါ တယ်။အာဖရိကရဲ့ နှမ်းထုတ်လုပ်မှု အများဆုံးနှစ်နိုင်ငံ      အာဖရိကမှာ နှမ်း အများဆုံး ထုတ်လုပ်တဲ့ နှစ်နိုင်ငံ ကတော့ ဆူဒန်နဲ့ အီသီယိုးပီးယား ဖြစ်ပြီး ၂ဝဝ၉-၂ဝ၁ဝ မှာ အီသီယိုးပီးယားက တန်ချိန် ၂၂၅ဝဝဝ နဲ့ ဆူဒန်က တန်ချိန် ၁၆ဝဝဝဝ ထုတ် လုပ်ခဲ့တယ်လို့ သိရပါတယ်။ကျွန်တော် တို့နိုင်ငံမှာလို နှမ်းဖြူ၊ နှမ်းနက်စတဲ့ အမိုျးအစားကွဲတွေ ရှိလာသလို ဆူဒန်နှမ်းဖြူ၊Gedaref  ၊ အီသီယိုးပီးယား Humera ၊ Wollega စတဲ့အမျိုးအစားကွဲတွေ ရှိတယ်လို့ သိရပါတယ်။ အဓိကအနေနဲ့ မုန့်ပဲ သားရေစာထဲမှာ ထည့်ထားတဲ့ နှမ်းတွေဖြစ်ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလမှာ ထွက်ရှိတယ်လို့ သိရပါ တယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တူရကီ၊ အီးယူ၊ တရုတ်၊ ဆော်ဒီ၊ အီဂျစ်၊ အစ္စရေးတို့ဖြစ်ပါတယ်။ တရုတ်ဈေးကွက်ကို မြန်မာနိုင်ငံနဲ့ အပြိုင်တင်ပို့တဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။          ဆူဒန်နိုင်ငံရဲ့ နှမ်းစိုက်ဧရိယာနဲ့ ထုတ်လုပ်မှုကို လေ့လာ မယ်ဆိုရင် ၂ဝဝ၅-၂ဝဝ၆ မှ ၂ဝဝ၇-၂ဝဝ၈ ခုနှစ်အတွင်း တောင်သူ များက လူး ၊ ဆပ်နဲ့ မြေပဲတို့လို ငွေပိုရတဲ့ သီးနံှတွေကို ပြောင်းလဲ စိုက်ပိုျးလာကြတဲ့အတွက် နှမ်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျခဲ့ ပါတယ်။ ဒါ့အပြင် ၂ဝဝ၇-၂ဝဝ၈ မှာ မိုးရွာသွန်းမှုများတာကြောင့် အထွက်နှုန်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်မှာ တော့ ရာသီဥတု ကောင်းမွန်ခဲ့တာကြောင့် အထွက်နှုန်းပိုမို လာလို့ ထွက်ရှိမှုလည်း ပြန်လည်တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။       အီသီယိုးပီးယားနိုင်ငံအနေနဲ့ ၁၉၉၈ ခုနှစ်နဲ့ ၂ဝဝ၄ ခုနှစ်အတွင်းမှာ အစိုးရရဲ့ နှမ်းစိုက်ဧရိယာ တိုးခဲျ့တဲ့ ကြိုးပမ်းမှု တွေကြောင့် နှမ်းထွက်ရှိမှု ၃ ဆနီးပါးအထိ တဖြည်းဖြည်းတိုးတက်ခဲ့တယ်လို့ သိရ ပါတယ်။ ယင်းနှစ်တွေကစပြီး နှမ်းကုန်သွယ်မှု အမြောက်အမြား တိုးတက်လာခဲ့ပါတယ်။ကမ္ဘာ့ဈေးကွက်နဲ့ အာဖရိကနှမ်း အလားအလာ             ကမ္ဘာ့နိုင်ငံတော်တော်များများမှာ နှမ်းကို ဆီထုတ်ဖို့သာမက မုန့်လုပ်ဖို့အတွက်လည်းပိုမိုသုံးစွဲလာခဲ့ကြပြီဖြစ်ပါတယ်။ ဝယ်လိုအား တိုးတက်လာတာနဲ့အမျှ စိုက်ပျိုးသူများလည်း ပိုမိုစိုက်ပျိုးလာကြရာ အထူးသဖြင့် အများဆုံးစိုက်ပျိုးကြတဲ့ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံများက အထွက်လျော့ကျခြင်းက အာဖရိကနိုင်ငံတွေအတွက် စိုက်ဧရိယာ မြင့်တက်လာစေဖို့ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကလည်း နှမ်း ဝယ်လိုအားများတာကြောင့် တင်သွင်းမှုအတွက် အခွန် သက် သာခွင့်ပြုလုပ်မှုတွေက အာဖရိကနှမ်းဈေးကွက် အတွက် အလာအလာ ဖြစ်စေပါတယ်။             ဆူဒန်ရဲ့ အချို့ဒေသတွေမှာ ပဲလိုအခြားသီးနံှတွေကို ပြောင်းလဲ စိုက်ပျိုးလာကြပေမဲ့ နှမ်းစိုက်ပျိုးမှုကလည်း အားကောင်း နေဆဲဖြစ်ပါတယ်။ နိုက်ဂျီးရီးယားနိုင်ငံကတော့ နှမ်းစိုက်ပျိုးမှု တည် ငြိမ်နေတယ်လို့ သိရပါတယ်။ အနောက်အာဖရိက တောင်သူများက တော့ နှမ်းစိုက်ပျိုးမှုကို စိတ်ဝင်စားမှုနည်းလို့ စိုက်ဧရိယာတိုးခဲျ့ဖို့စိတ်ဝင်စားမှုမရှိဘူးလို့ ဆိုပါတယ်။ ဆူဒန်အစိုးရဟာလည်း စားနပ် ရိက္ခာ ဖူလုံဖို့အတွက် လူး၊ ဆပ်၊ တို့ကို အနိမ့်ဆုံးထောက်ပံ့ ဈေးနှုန်းများပေးခြင်းနဲ့ ပိုစိုက်ဖို့ တိုက်တွန်းအားပေးခဲ့တဲ့အတွက် အချို့ တောင် သူများက နှမ်းအစားလူး၊ဆပ်တို့ကိုပြောင်းလဲစိုက်ပျိုးလာ ကြတယ် လို့ သိရပါတယ်။          အီသီယိုပီးယားအစိုးရဟာ ၂ဝ၁ဝ-၂ဝ၁၁ မှာ နှမ်းတန်ချိန် ၂၂၅ဝဝဝ ထိ တိုးမြှင့်ထုတ်လုပ်ဖို့ ရည်မှန်းထားပေမဲ့ တောင်သူတွေ နှမ်းစိုက် ဧရိယာခဲျ့ထွင်ဖို့ မရှိတာကြောင့် စိုက်ဧရိယာတိုးတက်မှာ မဟုတ်လို့ နှမ်းတန်ချိန် နှစ်သိန်းတော့ အမြဲထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။             လာမယ့်လများအတွက် နှမ်းဈေးကွက် အလားအလာ အနေနဲ့ တရုတ်နိုင်ငံမှာ ထုတ်လုပ်မှုကျဆင်းဖွယ်ရှိပြီး ပါကစ္စတန်မှာ လည်း နှမ်းအထွက်အမြောက်အမြားကျဆင်းသလို အိန္ဒိယမှာလည်း မိုးရွာသွန်းမှုကြောင့် အထွက်ကောင်းဖွယ် မရှိဘူးလို့ သိရပါတယ်။ တရုတ် နိုင်ငံရဲ့ နှမ်းထွက်ရှိမှုဟာ မနှစ်ကထက် ၂ဝ-၂၅ ရာခိုင်နှုန်းခန့် လျော့ကျဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အရှေ့အာဖရိက နိုင်ငံတွေမှာ လည်း လက်ကျန်မရှိသလောက်ကုန်နေပြီဖြစ်ပြီး ဆူဒန်နဲ့ အီသီယိုပီးယားမှာ လက်ကျန်အနည်းငယ်ကျန်ရှိပေမဲ့ မနှစ်ကထက် လျော့ကျတယ်လို့ သိရပါတယ်။             လွန်ခဲ့တဲ့ လများက တရုတ်က အဝယ်မရှိတာနဲ့ အရှေ့ အလယ်ပိုင်းနိုင်ငံတွေရဲ့ ဥပုသ်ရာသီ ဖြစ်တာကြောင့် ဈေးငြိမ်နေပေမဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာ နှမ်းအသစ်ထွက်ရှိ ရာသီတိုင်အောင် ဆီနှမ်းနဲ့ စားနှမ်း ရောင်းချမှုနည်းတာကြောင့် ဈေးမြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။အိန္ဒိယနှမ်း စိုက်ပျိုးထုတ်လုပ်မှု            အိန္ဒိယ ဆီထွက်သီးနံှတွေဖြစ်တဲ့ ပဲပုပ်၊ မုန်ညှင်း၊ မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်းစိုက်ပျိုးမှုကို လေ့လာမယ်ဆိုရင် ၂ဝဝ၈-၂ဝဝ၉ ခုနှစ်မှာ စုစုပေါင်း တန်ချိန် ၂၄ ဒသမ ၁၁ သန်းထုတ်လုပ် နိုင်ခဲ့ရာကနေ ၂ဝဝ၉-၂ဝ၁ဝ မှာ မိုးရေမလုံလောက်လို့ ၂၂ ဒသမ ၉၆ သန်းကို ၄ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ နှမ်းစိုက်ပျိုးရာမှာ တော့ ရေအမြောက်အမြား မလိုအပ်တာကြောင့် ၂ဝဝ၉-၂ဝ၁ဝ မှာ နှမ်းအထွက် ၃၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ၂ဝ၁ဝ စက် တင်ဘာ ဒုတိယပတ်အထိ နှမ်းစိုက်ပျိုးမှုဟာ ဟက်တာ ၁ ဒသမ ၅၇ သန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၁ ဒသမ ၃၉၉သန်း ထက် ၁၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ နှမ်းစိုက်ပျိုးတဲ့ ပြည်နယ်အားလုံးနီးပါးမှာ မိုးရေရရှိမှု အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။                     ဒါပေမဲ့ တောင်သူများဟာ မုတ်သုန်မိုးအားကောင်းနေ တာကြောင့် ဝင်ငွေပိုမိုရရှိတဲ့ ဝါ၊ ဟင်းခတ် အမွှေးအကြိုင်၊ ပဲမျိုးစုံ၊ မြေပဲနဲ့ ကြက်ဆူတို့လို သီးနံှတွေကို ပိုမိုစိုက်ပျိုးလာကြပါတယ်။ လက်ရှိမိုးအခြေအနေက ၂ဝ၁၁ အတွင်း နွေနှမ်း အထွက်တိုးဖို့ အထောက်အပံ့ ဖြစ်စေ နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ၂ဝ၁ဝ ဆောင်း နှမ်းဖြူ ထုတ်လုပ်မှုအနေနဲ့ အကယ်လို့သာ ရာသီဥတု မှန်မယ်ဆိုရင် ယခင်နှစ်ထက် ၃၄ ရာခိုင်နှုန်းခန့် တိုးတက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်နယ်အလိုက် နှမ်းဖြူထုတ်လုပ်မှု ခန့်မှန်း ချက်တို့ကို ဖော်ပြလိုက်ပါတယ်ပြည်နယ်                ၂ဝ၁ဝ-၁၁            ၂ဝဝ၉-၁ဝဂူဂျာရတ်                 ၃၅ဝဝဝ               ၆ဝဝဝဝရာဂျက်စသန်             ၉၅ဝဝဝ              ၇ဝဝဝဝအတ္တရာပရာဒေ့ရှ်နဲ့       ၁၆၅ဝဝဝ            ၉၅ဝဝဝမဒ္ဒရာပရာဒေ့ရှ်အခြား                      ၄ဝဝဝဝ             ၂၅ဝဝဝစုစုပေါင်း                   ၃၃၅ဝဝဝ ၂၅ဝဝဝဝအိန္ဒိယနှမ်းဈေးကွက် ဝေစု       ကမ္ဘာမှာ နှမ်းအများဆုံးတင်ပို့နိုင်တဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဈေးကွက်ဝေစုရဲ့ ၂ဝ ရာခိုင်နှုန်းခန့် ရယူထားပြီး အီသီယိုပီးယားက ၁၈ ရာခိုင်နှုန်းခန့် ၊ ဆူဒန်က ၁၁ ရာခိုင်နှုန်း၊ နိုက်ဂျီး ရီးယားက ၈ ဒသမ ၃ ရာခိုင်နှုန်းခန့်နဲ့ မြန်မာနိုင်ငံက ၆ ဒသမ ၄ ရာခိုင်နှုန်းရယူကုန်သွယ်မှု ပြုနေပါတယ်။ ဆူဒန်၊ အီသီယိုးပီးယား အပါအဝင် အာဖရိက နှမ်းတင်ပို့မှုမှာ ကမ္ဘာ့နှမ်းတင်ပို့မှုရဲ့ ၃၇ ရာခိုင်နှုန်းခန့်ရှိနေပါတယ်။ အိန္ဒိယ နှမ်းတင်ပို့တဲ့ဈေးကွက်တွေက တောင်ကိုရီးယား၊ အမေရိကန်၊ တရုတ်တိုင်ပေ၊ တရုတ်၊ ဗီယက်နမ် နိုင်ငံတွေအဓိကဖြစ်ပြီး၊ တောင်ကိုရီးယားဟာ အိန္ဒိယနှမ်း အများဆုံး တင်သွင်းတဲ့ နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယ နှမ်းဈေးကွက်ဝေစု အနေနဲ့ တောင်ကိုရီးယားက ၁၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ ဈေးကွက်ဝေစု ၁၂ ဒသမ ၄ ရာခိုင်နှုန်း ရှိတဲ့ အမေရိကန်ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာလည်း အိန္ဒိယနဲ့ ကုန်သွယ်မှု တိုးတက်နေတဲ့ အရေးပါတဲ့ ဈေးကွက်တစ်ခုဖြစ်နေ ပါတယ်။အိန္ဒိယ နှမ်းတင်ပို့မှုက စားဆီတင်သွင်းမှုရဲ့ ၂ ရာခိုင်နှုန်းအောက်သာရှိ            အိန္ဒိယနှမ်းဈေးကွက်ရဲ့ အဓိကပြိုင်ဖက်နိုင်ငံများကတော့ အီသီယိုပီးယား၊ ဆူဒန်၊ နိုက်ဂျီးရီးယား၊ တန်ဇန်းနီးယား၊ မိုဇမ်းဘစ်၊ အခြားအနောက်အာဖရိကနိုင်ငံများနဲ့ မြန်မာနိုင်ငံတို့ဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယရဲ့ တစ်နှစ် နှမ်းမျိုးစုံစုစုပေါင်း ထုတ်လုပ်မှုခန့်မှန်း တန်ချိန် ၆၇ဝဝဝဝ ရှိတဲ့အနက် တန်ချိန် ၂၅ဝဝဝဝ၊ (၃၆ ရာခိုင်နှုန်း နီးပါးခန့်) ပြည်ပတင်ပို့မှုရှိတယ်လို့ သိရပါတယ်။ နှစ်စဉ် စားဆီ တင်သွင်းမှုက တန်ချိန် ၈ သန်းခန့် ရှိတာကြောင့် နှမ်း အပါအဝင် ဆီထွက်သီးနံှတင်ပို့မှုဟာ စားဆီပြည်ပက တင်သွင်းမှုရဲ့ ၂ ရာခိုင်နှုန်း အောက်မှာပဲ ရှိတယ်လို့ သိရပါတယ်။အိန္ဒီယနှမ်းဈေးကွက်အလားအလာ         လက်ရှိ အိန္ဒိယတောင်သူများ၊ ကုန်သည်များနဲ့ လှောင်လက်များဟာ ပျမ်းမျှ စီးပွားရေးအခြေအနေ တိုးတက်လာတာကြောင့် စားသုံးမှုနဲ့ ပြည်တွင်း သိုလှောင်နိုင်မှု မြင့်တက်လာခဲ့ပါတယ်။ အိန္ဒိယရဲ့ ဆီထွက် သီးနံှ စိုက်ဧရိယာတိုးတက်မှု တန့်နေပေမဲ့ အစိုးရ ကတော့ စိုက်ဧရိယာ တိုးတက်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လာမယ့် နှမ်းအသစ် ဈေးနှုန်းအလားအလာအနေနဲ့ တရုတ် နိုင်ငံရဲ့ ထုတ်လုပ်မှုနဲ့ ဝယ်လိုအား၊ အိန္ဒိယရဲ့ ရောင်းချနိုင်မှု တို့အပေါ် များစွာ တည်မီ နေပါတယ်။ ဒါ့အပြင် ကမ္ဘာ့ငွေကြေးအပြောင်းအလဲ၊ စားနပ်ရိက္ခာ ဖောင်းပွမှုနဲ့ ကမ္ဘာ့နိုင်ငံ အစိုးရအသီးသီးရဲ့ ကုန်သွယ်မှုမူဝါဒတို့ကလည်း ဈေးနှုန်းဈေးကွက်ကို လွှမ်းမိုးစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။                    အနောက်နိုင်ငံများနဲ့ အခြားဖွံ့ဖြိုးပြီး နိုင်ငံများရဲ့ ဝယ် လိုအားကလည်း လာမယ့်ကာလအတွင်း စီးပွားရေး တည်ငြိမ်မှု အပေါ် မူတည်နေပြီး လာမယ့်နှစ် ၂ဝ၁ဝ-၁၁ အတွက် အိန္ဒိယနှမ်း ပြည်ပတင်ပို့နိုင်မှုကတော့ တန်ချိန် ၃ သိန်း နီးပါးရှိနိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။ ယခုနှစ်မှာ ရောင်းချမှုများတာကြောင့် လက်ကျန် ပမာဏ လျော့ကျဖွယ်ရှိပြီး အောက်တိုဘာလမှာ နှမ်းအသစ်များ ဈေးကွက် ဝင်ရောက်နေတယ်လို့ သိရပါတယ်။မြန်မာ့နှမ်း စိုက်ပျိုးထုတ်လုပ်မှု            မြန်မာနိုင်ငံမှာ နှမ်းကို မိုးနည်းရပ်ဝန်းဒေသတွေ ဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်း ဒေသ ကြီးတို့မှာ အများဆုံး စိုက်ပျိုးကြပြီး ကျန်ဒေသတွေမှာလည်း အထိုက် အလျောက် စိုက်ပိုျးတယ်လို့ သိရပါတယ်။ နှမ်းအရောင် အမျိုးမျိုး ရှိရာ နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းညို၊ နှမ်း နက်နဲ့ နှမ်းကြားဆိုပြီး ခွဲခြား ရောင်း ဝယ်ကြပါတယ်။ နှမ်းဖြူနဲ့ နှမ်းနက်ကို မုန့်များ၊ လက်သုတ်များ မှာ ထည့် သွင်း စားသုံးကြပြီး ကျန်နှမ်းများကို တော့ ဆီထုတ်ဖို့ အသုံးပြုပါတယ်။ဆီနှမ်းတွေထဲမှာ နှမ်းနီက ဆီပါ ဝင်မှု အများဆုံးလို့ သိရပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနစာရင်းအရ နှမ်းမိုျးစုံ စိုက် ပိုျး ထွက်ရှိ မှုတို့ကို အောက်ပါအတိုင်းတွေ့ရပါတယ်ခုနှစ်                 စိုက်ဧရိယာ               အထွက်နှုန်း                   အထွက်                    (ဟတ်တာသန်းပေါင်း)   (ကီလို/ဟက်တာ)၂ဝဝ၆-ဝ၇             ၁ .၄၄၃                     ၄၇၉                       ၆၉ဝ၁၇၉၂ဝဝ၇-ဝ၈             ၁ .၅၈၈                    ၅၁၉                        ၇၈ဝ၈၃၃၂ဝဝ၈-ဝ၉             ၁ .၅၆၉                    ၅၄၄                         ၈၅၃၇၃၆၂ဝဝ၉-၁ဝ             ၁ .၆၃၅                    ၅၃၁                         ၈၆၇၈၆၇မြန်မာ့နှမ်း တင်ပို့မှုလျော့ကျ             မြန်မာနိုင်ငံနေနဲ့ ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေဖို့ ဆီနှမ်း ဖြစ်တဲ့ နှမ်းနီနဲ့ နှမ်းညိုတင်ပို့မ ခွင့်မပြုဘဲကျန်အခြားနှမ်း များကို တင်ပို့ ခွင့်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကတင်ပို့နှမ်းကတော့ သိပ္ပံ နှမ်းနက်လို့ ခေါ်တဲ့စမုံနက်၊ နှမ်းနက်နဲ့ နှမ်းဖြူတို့ဘဲဖြစ်ပါတယ်။ နှမ်း ပြည်ပတင်ပို့မှုကို လေ့လာတဲ့အခါ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်မှာ နှမ်း တန်ချိန် တစ်သိန်းကျော်တင်ပို့ခဲ့ တာမှာ ကန်ဒေါ်လာ သန်း ၁၆ဝ ကျော်ရရှိခဲ့ပြီး ၂ဝဝ၉-၂ဝ၁ဝမှာ နှမ်းအထွက် လျော့ကျခဲ့တာကြောင့် စုစုပေါင်း တန်ချိန် ၉ဝဝဝဝ ခန့်သာတင်ပို့နိုင်လို့ ကန်ဒေါ်လာ ၁၂ဝ သန်းကျော်ဖိုးပဲရှိခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် အောက်တိုဘာလ ၂၂ ရက်ထိ တန်ချိန် ၄၅ဝဝဝ ခန့်၊ ကန်ဒေါ်လာ သန်း ၆ဝ ကျော်ဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။မြန်မာ့နှမ်းဈေးကွက် ယှဉ်ပြိုင်နိုင်ရေး            ကမ္ဘာ့နှမ်းစားသုံးမှုများတဲ့ နိုင်ငံတွေရဲ့ တိုးတက်နေတဲ့ ဝယ်လိုအား၊ နှမ်းထုတ်လုပ်တင်ပို့နေတဲ့ နိုင်ငံတွေရဲ့ ထုတ်လုပ်ရောင်းချနိုင်မှု၊ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲတွေကို လေ့လာ သိရှိပြီးတဲ့နောက်မှာ စားနှမ်းရော ဆီနှမ်းပါ ဈေးကွက် ကျယ်ပြန့်နေ ဆဲဖြစ်နေဦးမယ်လို့ သုံးသပ်ရပါတယ်။ ကမ္ဘာမှာ နှမ်းစားသုံးမှု မြင့် တက်လို့ ဝယ်လိုအား တိုးတက်လျက်ရှိနေရာ ရိုးရိုးစားနှမ်းထက် ဆီ နှမ်းဝယ်လိုအားက ၃ ဆခန့်ပိုနေတယ်လို့ သိရပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ အစဉ်အလာကထဲက စိုက်ပျိုးထုတ်လုပ်လာတဲ့နှမ်းကို ရရှိပြီးသားဈေးကွက်မပျောက်အောင်၊ ဈေးကွက်ခဲျ့ထွင်ပြီး တိုးမြှင့်တင်ပို့နိုင်အောင် ကမ္ဘာ့ဈေးကွက်မှာ နေရာတော်တော်များများ ရယူထားတဲ့ အာဖရိက နှမ်းကို ယှဉ်ပြိုင်နိုင်ဖို့ အားသာချက်၊ အားနည်းချက်နဲ့ ဘယ်လိုပြုပြင်ဆောင်ရွက်သင့်တယ်ဆိုတာတွေကို ဂျပန် နိုင်ငံကို နှမ်းအများဆုံးတင်သွင်းနေတဲ့ အိတိုချူကုမ္ပဏီ ရန်ကုန်ရုံးခွဲ ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာ ဦးချစ်စိုးနဲ့ မြန်မာနိုင်ငံ ပဲနှမ်းကုန်သည်များအသင်းရဲ့ ဒုတိယဥက္ကဌ မောဥသျှောင်ကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်ဘဉာဏ်တို့နဲ့ ကောမတ်စ်အဖွဲ့က ဆွေးနွေးခဲ့ကြပါတယ်။မြန်မာနှမ်းနက်က ဈေးကွက်ထိပ်တန်းက ပြေးနေ        စားနှမ်းတွေထဲမှာ မြန်မာနိုင်ငံက ထွက်တဲ့ သိပ္ပံနှမ်းနက်ဟာ နိုင်ငံတကာဈေးကွက်မှာ ထိပ်ကပြေးနေ ပါတယ်လို့ အီတိုချူကုမ္ပဏီက ဒေါက်တာချစ်စိုးက ဆိုပါ တယ်။ နှမ်းနက်ကို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်တို့မှာ စိုက်ပျိုးမှုရှိပေမဲ့ အိန္ဒိယ နှမ်းနက်က ဓါတုဓါတ်ြွကင်း ပါဝင်မှုကြောင့် နိုင်ငံတကာဝယ်လိုအား နည်းသလို ဗီယက်နမ်နှမ်းကိုလည်း ယခင်တစ်နှစ်က မှိုဆိပ် (afflatoxin ) ပါဝင်မှုကြောင့် တင်သွင်းမှု ပိတ်ခြင်းခံရတယ်လို့ သိရပါ တယ်။ ထိုင်းကတော့ ထွက်ရှိမှုနည်းပြီး တရုတ်နိုင်ငံ ကလည်း ပြည်တွင်းစားသုံးမှုအတွက် မလုံလောက်လို့ တင်သွင်းနေရဆဲမို့ ကမ္ဘာ့ဈေးကွက်မှာ မြန်မာနှမ်းနက်ကို အားထားနေရတာဖြစ်ပါတယ်။ ဒီလိုဈေးကွက်ယှဉ်ပြိုင်မှု နည်းသလို မကွေးတိုင်းဒေသကြီး အောင်လံ၊ သိပ္ပံနှမ်း ဟာလည်း အရည်အသွေးကောင်းမွန်တာကြောင့် ဈေး နှုန်း အနေနဲ့လည်း အမြင့်ဆုံးကို ရရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံက နှမ်းနက်ကို ဆေးဘက် ဝင်တဲ့ အနေနဲ့လည်း စားသုံးတယ်လို့ သိရပါတယ်။အထွက်နှုန်းမြင့်ပြီး အရည်အသွေးကောင်းတဲ့အာဖရိက နှမ်းဖြူကို ဈေးကွက်ယှဉ်ပြိုင်နိုင်ဖို့ မြန်မာတို့ ကြိုးစားဖို့လို        အာဖရိကမှာ စိုက်ပိုျးတဲ့ နှမ်း အများဆုံးက ဆီနှမ်းပဲ စိုက်ပျိုးပါတယ်။ ယခုနောက်ပိုင်း မြန်မာနိုင်ငံက နှမ်းနက်ကို စမ်းသပ် စိုက်ပျိုးခဲ့ပေမဲ့ အောင်မြင်မှုမရှိသေးဘူးလို့ သိရပါတယ်။ အာဖရိကနှမ်းဖြူနဲ့ မြန်မာနှမ်းဖြူ အဓိက ကွာခြားချက်တွေကတော့ ပထမ အချက်အနေနဲ့ အရောင်ပဲဖြစ်ပါတယ်။ အာဖရိကနှမ်းက အဖြူရောင်သန့်ဖြစ်ပြီးမြန်မာနှမ်းဖြူကတော့ အဝါရောင်သန်း တယ်လို့ ဆိုပါတယ်။ ဂျပန်၊ ကိုရီးယား၊ တရုတ်လို နှမ်းအများဆုံး စားသုံးသူတွေဟာ အလှအပကို ကြိုက်နှစ်သက်သူတွေ ဖြစ်လို့ အဖြူသန့်တဲ့ အာဖရိက နှမ်းကို ပိုကြိုက်ကြပါတယ်။ ဆီထွက်နှုန်းအနေနဲ့ အပူပိုင်းဖြစ်တဲ့ အာဖရိကနှမ်းကဆီထွက်ရှိမှု ၅၄ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံက ၅၂ ရာခိုင်နှုန်းခန့် ရှိလို့ အနည်းငယ်တော့လျော့ကျတယ်လို့ဒေါက်တာချစ်စိုးနဲ့ဦးစိုင်းဘဉာဏ်တို့ကဆိုပါတယ်။               အက်စစ်ပါဝင်မှုအနေနဲ့ အာဖရိကနှမ်းက ရိတ်သိမ်းချိန်မှာ အစိုဓါတ်နည်းတဲ့အတွက် ဝ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ပါဝင်မှုရှိပေမဲ့ မြန်မာနိုင်ငံမှာ အဓိကအားဖြင့် မိုးနှမ်းများ ရိတ်သိမ်းချိန် အစိုဓာတ် များတဲ့အတွက် အက်စစ်ပါဝင်မှုဟာ ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း အထိပါဝင်တတ်တယ်လို့ ဆိုပါတယ်။ ဆောင်းနှမ်းနဲ့ နွေနှမ်းမှာ (ရေသွင်းနှမ်း) တော့ အက်စစ်ဓာတ်ပါဝင်မှုနည်းတယ်လို့ ဆိုပါတယ်။ အထွက်နှုန်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လည်း အနောက်အာဖရိကမှာ တစ်ဟက်တာကို ၇ဝဝ ကီလိုထွက်ရှိပြီး အရှေ့အာဖရိကမှာ ကီလို ၆ဝဝ ထွက်ရှိကာ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းရဲ့ စာရင်း ဇယားများအရ ၂ဝဝ၈-၂ဝဝ၉ မှာ ကီလို ၅၄၄ နဲ့ အမြင့်ဆုံးထွက် ရှိတယ်လို့ သိရပါတယ်။ နှမ်းကုန်သည်များရဲ့ ပြောကြားချက်အရ မနှစ်က မိုးခေါင်ပြီး အထွက်လျော့ကျခဲ့တာကြောင့် တစ်နိုင်ငံလုံး ပျမ်းမျှထွက်ရှိမှုဟာ တစ်ဟက်တာကို ကီလို ၄၈၄ ခန့်သာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။             အထွက်နှုန်းမြင့်ပြီး အရည်အသွေးကောင်းတဲ့ အာဖရိကနှမ်းဖြူ ကို ဈေးကွက်ယှဉ်ပြိုင်နိုင်ဖို့ မြန်မာ နိုင်ငံအနေနဲ့လည်း ကြိုးစားသင့် ကြောင်း ဦးစိုင်းဘဉာဏ်က ပြောကြားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ မှာ ယခုနှစ်အတွင်း ပြည်ပပို့ကုန်ဝင်ငွေ လဲလှယ်နှုန်း အပြောင်းအလဲ များခြင်းကလည်း ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်စေ ပါတယ်လို့လည်း ၎င်းတို့က ဆက်လက်ပြောကြားပါတယ်။ရှိပြီးသားပြည်တွင်းမျိုးကိုလည်း သန့်ပြီးတိုးခဲျ့စိုက်သင့်            နှမ်းဖြူနဲ့ပတ်သက်လို့ အရည်အသွေးကောင်းမွန်ပြီး အထွက် ပိုမိုလာစေဖို့ ပြည်တွင်းရှိပြီးသားမျိုးထဲက သီးသန့်ရွေးချယ်စိုက်ပျိုးသင့် တယ်လို့ ဆိုပါတယ်။ ပြည်ပမိုျးပြောင်းလဲစိုက်ပိုျးဖို့ဆိုတာ မိမိဒေသ ရေမြေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ အကန့်အသတ် စိန်ခေါ်မှု အခက်အခဲများ နဲ့ အချိန်ယူရမှာဖြစ်လို့ ရှိပြီးသားမျိုးကောင်းကို တိုးခဲျ့စိုက်ပျိုးခြင်းက ပိုသင့်တော်တယ်လို့ အဆိုပါပုဂ္ဂိုလ်များက အကြံပြုကြပါတယ်။ တောင်သူအများစုဟာ ဈေးကောင်းတဲ့သီးနံှကို ပြောင်းလဲစိုက်ပျိုးတတ်တဲ့ အလေ့အထရှိပါတယ်။ နှမ်းဖြူသက်တမ်းက ၇၅ ရက်ရှိပြီး နှမ်းနီ၊ ညို သက်တမ်းက ၆ဝ-၆၅ ရက်ရှိတာကြောင့် နှမ်းဖြူဈေး ကောင်းမရတဲ့ နှစ်ဆိုရင် နှမ်းညို၊ နီ ပြောင်းလဲစိုက်ပျိုးတတ်ကြပါ တယ်။ နီးစပ်ရာပတ်ဝန်းကျင်ယာခင်းများကလည်း နှမ်းဖြူစိုက်သူစိုက်၊ နှမ်းနီ/ညို စိုက်သူစိုက်နဲ့ အရောအနှောတွေ စိုက်တာမျိုးတွေကြောင့် ထွက်ရှိလာတဲ့နှမ်းတွေမှာ အရောင်သီးသန့်ရှိမနေတော့ဘဲ အရော အနှောဖြစ်ကာ အဖြူရောင်သန့်မနေတာပါလို့လည်း ဦးစိုင်းဘဉာဏ် က ဆိုပါတယ်။ အဓိကအနေနဲ့ မျိုးသန့်ဖို့နဲ့ တကွင်းတပြင်မှာ မျိုးတူတာစိုက်ပျိုးဖို့ လိုအပ်ပါတယ်လို့လည်း ထပ်လောင်း အကြံပြု ထားပါတယ်။ ဒေါက်တာချစ်စိုးကလည်း မြန်မာနိုင်ငံက နှမ်းဖြူမျိုး သန့်ကိုရှာဖွေပြီး၊ မျိုးဗီဇမြင့်အောင် သုတေသနပညာရှင်တွေနဲ့ လုပ် ဆောင်သင့်တယ်လို့ အကြံပြုပြီး၎င်းတို့ကုမ္ပဏီအနေနဲ့လည်း တတ် နိုင်တဲ့ဘက်က လိုအပ်တာများ ကူညီမယ်လို့ ဆိုပါတယ်။အထွက်ပိုမိုဖို့ အလေအလွင့်နည်းဖို့ အထူးဂရုပြုသင့်           များသောအားဖြင့် တောင်သူတွေဟာ နှမ်းထောင်၊ နှမ်းခါတဲ့ အခါ မြေသလင်းကိုသာ အသုံးပြုကြပါတယ်။ ရိတ်သိမ်းေြွခလှေ့ချိန် မိုးရွာ၊ လေတိုက်မှုနဲ့ ကြုံတွေ့ရတဲ့အချိန်မိုျးမှာ လေလွင့်ဆုံးရှုံးမှုဟာ ၁ဝ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအတွင်း ဆုံးရှုံးမှုတွေနဲ့ နှစ်စဉ်ကြုံ တွေ့နေရတယ်လို့ ဦးစိုင်းဘဥဏ်က ဆိုပါတယ်။ အကယ်လို့သာ မိုးကာနဲ့ နှမ်းထောင်၊ နှမ်းခါ လုပ်မယ်ဆိုရင် အလေအလွင့် ဆုံးရှုံးမှု လည်း နည်းမှာဖြစ်သလို အရည်အသွေးကောင်းလည်း ရရှိမှာဖြစ်လို့ ထုတ်လုပ်မှု ကုန်ကျစရိတ်လည်း သိသိသာသာ လျော့ကျသွားမယ်လို့ ဆိုပါတယ်။ အစိုဓာတ်ပါဝင်မှုနည်းလို့ အက်စစ်ပါဝင်မှုလည်း လျော့ ကျသွားမှာပါ။ ဒါပေမဲ့ တောင်သူအများစုကတော့ အခုချိန်ထိ မိုးကာ ဝယ်ယူ သုံးစွဲမှုနည်းသေးတယ်လို့ရိတ်သိမ်းချိန်နောက်ပိုင်း မြန်မာ တောင်သူတွေရဲ့ နှမ်းကိုင်တွယ်မှု ဓလေ့များအားနည်းလျက်ရှိနေတာ ကို ထောက်ပြပါတယ်။ဈေးကွက်ရှိပြီးသား နှမ်းနက်ကို တိုးခဲျ့စိုက်သင့်       ကမ္ဘာမှာ ထိပ်တန်းနေရာယူထားတဲ့ ဈေးကွက်ရှိနေပြီးသား နှမ်းနက်ကို လက်ရှိစိုက်ပျိုးနေတဲ့ အောင်လံဒေသလို အခြားရေမြေနဲ့ ကိုက်ညီနေတဲ့ ဒေသတွေမှာ တိုးခဲျ့စိုက်ပိုျးသင့်ပါတယ်လို့ ဒေါက်တာ ချစ်စိုးကလည်း အကြံပြုပါတယ်။ အာဖရိက အချို့ဒေသတွေမှာ နှမ်းနက်ကို စမ်းသပ်စိုက်ပျိုးနေတဲ့ အနေအထားရှိလို့ ကမ္ဘာ့ဈေး ကွက်ကို တိုးမြှင့်တင်ပို့ဖို့ဆိုရင် နှမ်းအရည်အသွေးကို ရေရှည်ထိန်း သိမ်းဖို့လိုတယ်လို့ ဆိုပါတယ်။ အောင်လံဒေသ တောင်သူများဟာနှစ်စဉ်ဈေးကောင်းရတဲ့ နှမ်းနက်ကို စနစ်တကျ စိုက်ပျိုးရိတ်သိမ်း တာဖြစ်လို့ အရည်အသွေးမှာ ထိပ်တန်းကရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အခြားဒေသတွေမှာလည်း မျိုးသန့်ကို စနစ်တကျ စိုက်ပျိုး သင့်ပါတယ်လို့လည်း ဦးစိုင်းဘဉာဏ်က ထပ်လောင်း ပြောကြားပါ တယ်။ရေသွင်းနှမ်းကို တိုးခဲျ့သင့်                  နှမ်းဖြူ၊ နှမ်းနီ/ညိုတို့ကို စိုက်ပိုျးရာမှာလည်း အရည်အသွေး အရကော၊ အက်စစ်ပါဝင်မှုနှုန်းအရပါ ကွာခြားတဲ့ ရေသွင်းနှမ်းကို တိုးခဲျ့သင့်ပါတယ်လို့လည်း ဦးစိုင်းဘဉာဏ်က အကြံပြုထားပါတယ်။ ရေကိုလိုသလောက် သွင်းနိုင်၊ ထုတ်နိုင်တဲ့အတွက် အထွက်နှုန်းမှာ လည်း တစ်ဧက ၁၂ တင်းနှုန်း (တစ်ဟက်တာကို ကီလို ၇၂၆) ထိ ထွက်ရှိတာဖြစ်လို့ ရေသွင်းစိုက်ပျိုးနိုင်တဲ့ နေရာတိုင်း မျိုးသန့်ကို ရွေးချယ်စိုက်ပျိုးဖို့လိုတယ်လို့ဆိုပါတယ်။ကမ္ဘာ့ဝယ်လိုအားကောင်းတဲ့ ဆီနှမ်းများပြည်ပသို့ တင်ပို့သင့်၊ မသင့် ရှုထောင့်စုံက စဉ်းစားရန်လိုအပ်        ကမ္ဘာဝယ်လိုအား သုံးပုံနှစ်ပုံခန့်ရှိနေတဲ့ ဆီနှမ်းများကို ပြည်ပတင်ပို့နိုင်အောင် တိုးတက်ထုတ်လုပ်နိုင်မယ်ဆိုရင် တောင်သူတွေ ပိုပြီး တွက်ခြေကိုက်မှာဖြစ်သလို၊ နှမ်းတင်ပို့မှုလည်း သိသိသာ သာမြင့်တက်လာနိုင်ပါတယ်လို့ ဒေါက်တာချစ်စိုးက အကြံပြုပါတယ်။ သို့ပေမဲ့လည်း မန္တလေးကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးကိုကြီး ကတော့ ''တောင်သူရဲ့သဘောကိုက ဈေးကွက်မှာ ဝယ်လိုအားရှိပြီး၊ ဈေးကောင်းရတဲ့နှမ်းကိုပဲ ရွေးစိုက်တာပါ။ နှမ်းဖြူနဲ့နှမ်းနက်ကို ပြည်ပ တင်ပို့ခဲ့တဲ့အတွက် နှမ်းဖြူနဲ့ နှမ်းနက်တွေကိုပဲ ဈေးကောင်းရလို့တိုးပြီး စိုက်နေကြတာပါ။ နှမ်းညိုနဲ့နှမ်းနီက စုစုပေါင်းစိုက်ဧရိယာရဲ့ ၂ဝ ရာခိုင်နှုန်းလောက်ပဲ ကျန်ပါတော့တယ်။ မြန်မာနိုင်ငံမှာ နှမ်းဆီကိုပဲ စွဲစွဲမြဲမြဲစားသုံးတဲ့ လူတန်းစားရှိပါတယ်။ နောက်တစ်ချက်က နှမ်းညို၊ နှမ်းနီကို ပြည်တွင်းဆီစက်တွေနဲ့ ကြိတ်ခွဲတဲ့အတွက် ပြည်တွင်းမွေးမြူရေး လုပ်ငန်းအတွက် ကြက်မွေးမြူရေးအစားအစာနှမ်းဖတ် ရနိုင်ပါ တယ်။ ပြည်ပကတင်သွင်းတဲ့ စားအုန်းဆီဈေးနှုန်းကို မယှဉ်နိုင်တဲ့ အတွက် ပြည်တွင်းက ဆီစက်လုပ်ငန်းတွေ ရှင်သန်ဖို့ အတော်ကြိုး စားနေရပါတယ်။ ပြည်တွင်းက နှမ်းဆီကိုပဲ စားသုံးတဲ့ လူတွေနဲ့ ဆီစက်သမားတွေအတွက် ဆီကြိတ်နှမ်း (နှမ်းနီ၊ နှမ်းညို) တွေကို ပြည်ပမပို့သင့်ဘူးလို့ ထင်ပါတယ်။ နိုင်ငံတော်ကလည်း ပြည်တွင်း ဆီဖူလုံဖို့အတွက် ဒီဆီကြိတ်နှမ်း (နှမ်းနီ၊ နှမ်းညို)ကို ပြည်ပတင်ပို့ဖို့ ခွင့်မပြုထားတာပါ''လို့ ဆိုပါတယ်။ နိုင်ငံတော်ပိုင်း အနေနဲ့ကတော့ စားအုန်းဆီကို ဒေါ်လာသန်းရာကျော်ဖိုး တင်သွင်းနေရတာကြောင့်ဆီအုန်း တိုးခဲျ့စိုက်ပိုျးရေး၊ နှမ်းနှင့်ဆီနေကြာ တိုးခဲျ့စိုက်ပိုျးရေးကို ယခုထက် အရှိန်အဟုန်မြှင့်ပြီး ပြည်တွင်းစားသုံးဆီ ဖူလုံရေးကို ကြိုးပမ်းနေတဲ့ အချိန်ကာလဖြစ်ပါတယ်။ ဒါကြောင့်ဆီနှမ်းများ ပြည်ပ တင်ပို့ရေးနဲ့ ပတ်သက်လို့ ရှုထောင့်ပေါင်းစုံက စဉ်းစားဆောင်ရွက် သင့်ပါတယ်။ သက်ဆိုင်သူအသီးသီးရဲ့ အမြင်ရှုထောင့်မျိုးစုံက ဆွေး နွေးအကြံပြုတဲ့အပေါ်မှာ နောင်အနာဂတ်အတွက်ကို ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုနေပါတယ်။ ဈေးကွက်ထိန်းထားနိုင်ရေး ဓာတုဓာတ်ြွကင်း ကင်းစင်ဖို့လို       ဈေးကွက်ရေရှည်ထိန်းထားနိုင်ဖို့ ဓာတုဓာတ်ြွကင်း ပါဝင်မှုပြဿနာမရှိအောင်လည်း အထူးဂရုပြုသင့်ပါတယ်လို့ ဒေါက်တာ ချစ်စိုးက ဆက်လက်ပြောကြားပါတယ်။ မစိုက်ပျိုးမီ မျိုးအဖြစ်ကနေ စိုက်ပျိုးရိတ်သိမ်းတင်ပို့တဲ့အထိ ပိုးသတ်ဆေး၊ ဓာတုဓာတ်ြွကင်းများ ပါဝင်မှုမရှိအောင် တောင်သူတွေကို ပညာပေးသင့်သလို ပိုးသတ် ဆေး ရောင်းချသူများကိုလည်း လက်လွတ်စပယ်မဖြစ်အောင် စိစစ် သင့်ပါတယ်လို့ ဆိုပါတယ်။             ဒါကြောင့် နိဂုံးချုပ်အနေနဲ့ဆွေးနွေးရရင် နှမ်းမျိုးကောင်း မျိုးသန့်တွေ တိုးခဲျ့စိုက်ပျိုးထုတ်လုပ်သင့်သလို စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်မှုတွေ၊ တိုးခဲျ့ဆောင်ရွက်သင့်ပါတယ်။ အထွက်နှုန်းကောင်း ဖို့နဲ့ အာဖရိကနှမ်းတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ထုတ်လုပ်မှုစရိတ် လျှော့ ချနိုင်မဲ့ နည်းလမ်းနဲ့ နည်းပညာတွေလည်း ရှာကြံဆောင်ရွက် သင့်ပါ တယ်။ ပြည်ပဈေးကွက်ဝယ်လို အား အလားအလာတွေ ကောင်း နေတာ သိနေရတဲ့အတွက် နှမ်းကိုလည်း ပဲ၊ ဆန်တို့လို အထူးပြု ကုမ္ပဏီများ ထူထောင်ဆောင်ရွက်သင့်တယ်ဆိုတာ ပေါ်လွင်နေပါ တယ်။ အထူးပြုကုမ္ပဏီများထူထောင်ကာ စိုက်ပျိုးထုတ်လုပ်နိုင်ရင် ပြည်တွင်းဈေးကွက်ကို မထိခိုက်စေဘဲ ပြည်ပသို့ နှမ်းတင်ပို့မှုကို တိုးမြှင့်နိုင်ပါတယ်။ နိုင်ငံတော်၏မူအရ လက်ရှိလူဦးရေ အတွက် သာမက ထပ်မံတိုးပွားလာမည့် လူဦးရေ သန်း ၁ဝဝ ထိ စားသုံးဆီ ဖူလုံဖို့ ရည်မှန်းဆောင်ရွက်နေတာကြောင့် လက်ရှိအနေအထားအရ ပြည်တွင်းဖူလုံရေးက အဓိကဖြစ်ပါတယ်။ တိုးမြှင့်စိုက် ပျိုးထုတ်လုပ် ပြီး ဖူလုံမှုရှိမှ ပိုလံျှမှုကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချနိုင် မယ်ဆိုရင် ပြည်ပဝင်ငွေရကာ နိုင်ငံအတွက် အကျိုးအမြတ်ဖြစ်လာပါမယ်။ ပြည်တွင်းစားသုံးမှုဈေးကွက်အတွင်းကယူပြီး ပြည်ပကို တင်ပို့ ရောင်းချနေမယ်ဆိုရင်လည်း ပြည်တွင်းဈေးမြင့်တက်ပြီး၊ စားသုံးသူ များကို ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် နောင်ရေရှည်ရည်မှန်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ ပြည်တွင်းစားသုံးမှုဖူလုံရေး အတွက် တိုးခဲျ့စိုက်ပျိုးထုတ်လုပ်ဖို့လိုသလို ပြည်ပကိုလည်း တိုးမြှင့် တင်ပို့နိုင်ဖို့အတွက်လည်း သီးခြားအစီအစဉ် ချကာတိုးခဲျ့စိုက်ပျိုးဖို့လို ပါတယ်။ သေချာတဲ့အချက်ကတော့ စိုက်ပျိုး ထုတ်လုပ်မှုမြှင့်တင်ရေးပဲ ဖြစ်ပါတယ်။တစ်ဦးချင်းစိုက်ပိုျးမှုကိုကြည့်ရင် အများစုက တောင်သူ လယ်သမားများ တစ်ပိုင်တစ်နိုင် စိုက်ပိုျးထုတ်လုပ်နေတဲ့ အဆင့်သာ ရှိတာကြောင့် စီးပွားဖြစ်အဆင့်စိုက်ပျိုးဖို့ လိုအပ်နေတယ်ဆိုတာ တွေ့ ရပါတယ်။ လက်ရှိ တောင်သူလယ်သမား များရဲ့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုကနေ ပဲနှင့် စပါးအထူးပြုကုမ္ပဏီများကဲ့သို့ နှမ်းအထူးပြု ကုမ္ပဏီများ ပေါ်ပေါက်စေဖို့ ကြိုးပမ်းဆောင်ရွက်ရပါမယ်။ တစ်အုပ် တစ်မ စိုက်ပျိုးဖို့နဲ့ သီးခြားအရည်အသွေး တိုးမြှင့်ထုတ်လုပ်ဖို့ စွမ်း ဆောင်ဖို့လိုအပ် ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း ဈေးကွက်ကို အထူးပြုကုမ္ပဏီများက လက်ဝါးကြီးအုပ်တာမျိုး မဖြစ်ရအောင်ဒေသခံနှင့် တောင်သူ၊ ကုန်သည်၊ ဆီစက်ပိုင်ရှင်တွေနဲ့ ှSupply Chain Mechanism  အရ ပူးပေါင်းဆောင်ရွက်နိုင်ရင် ValueChain  ကိုလည်း အကျိုးမျှတအောင် ထိန်းနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံပဲ၊ နှမ်းကုန်သည်အသင်းလို အဖွဲ့အစည်းများက ဒါတွေကို ဦးဆောင်ပြီး၊ နှမ်းထွက်ရှိရာ ဒေသများမှာ အစုအဖွဲ့များ၊ အသင်းအဖွဲ့များနဲ့လည်းကောင်း၊ အထူးပြုကုမ္ပဏီ များနဲ့ လည်းကောင်း၊ နှမ်းဇုန်များထူထောင်ပြီး မဟာဗျူဟာ၊ နည်းဗျူ ဟာ အစီအမံတွေ စနစ်တကျချမှတ်ကာ နှမ်းနယ်ပယ်ကို တိုးတက် အောင်ဆောင်ရွက်သွားဖို့လိုပါကြောင်း ရေးသားလိုက်ရပါတယ်။