ဆက်လက်ဈေးလျော့လာတဲ့ ပြည်ပဲစင်းငုံ ပြည်ဈေးကွက် ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ထက် ဈေးလျော့နည်း နေပါတယ်။ ယခင်တစ်ပတ်က ပိဿာချိန် ၂ဝ တစ်တင်းကို ၂ဝဝဝဝ ကျပ်ဈေး ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် တစ်တင်းကို ၂ဝဝဝ ကျပ်လျော့နည်းကာ ၁၈ဝဝဝကျပ် ဈေးသို့ သိသိသာသာ လျော့နည်းခဲ့ပါတယ်။ မကွေးတိုင်း ဒေသကြီး အောင်လံမြို့ နယ်မှ ပဲစင်းငုံများ ဝင်ရောက်နေခြင်းကြောင့် ဈေးလျော့နေခြင်းဖြစ်ကြောင်း သိရပါ တယ်။ ယခုတစ်ပတ်တွင် အခြားတိုင်းမှ ဝင်ရောက်မှုအနေဖြင့် အိတ် ၂ဝဝ ခန့်ရှိ သော်လည်း တိုင်းအတွင်းမှာတော့ အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။ ဆုမွန်ဆွေ
Background