Main menu

Background

မုံရွာပဲစင်းငုံဈေးကွက် ကျဈေးနဲ့ အရောင်းသွက်

Thu, 11/11/2010 - 09:52 -- Anonymous (not verified)

မုံရွာပဲစင်းငုံဈေးကွက် ကျဈေးနဲ့ အရောင်းသွက်       မုံရွာကုန်စည်ဒိုင် အောက်တိုဘာစတုတ္ထပတ်မှာ ပဲစင်းငုံနီဈေးဟာ တစ်တင်း ၁၆၅ဝဝ ကျပ်ထိ အနိမ့်ဆုံး ကျဈေးဖြစ်ပေါ် ခဲ့ပါတယ်။ ဒီတစ်ပတ်ထဲမှာ မန္တလေးအဝယ်အနည်းငယ်ရှိခဲ့ပြီး ကုန်သည်အချင်းချင်း လဆိုင်းနဲ့ အရောင်းအဝယ် အသင့်အတင့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံလုံးကြီးဖြူကြားကတော့ ဈေးကွက် တင် ရောင်းချမှုမရှိပေမဲ့ ပစ္စည်းလက်ဝယ်ရှိသူထံက ကြာဇံစက်သမားတွေ တစ်တင်း ၁၅ဝဝဝ ကျပ်မှ ၁၅၂ဝဝ ကျပ် ဈေးများနဲ့ ဝယ်ယူမှုရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါ တယ်။ ပဲဈေးချိုသာခြင်း၊ ရာသီအေးချိန်မှာ အသုံးတည့်ခြင်းတို့ကြောင့် ပဲစင်းငုံလုံးကြီးကို စက်သမားတွေ ဝယ်ယူနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မုံရွာကုန်စည်ဒိုင် ပဲစင်းငုံရောင်းဝယ်မှုအနေနဲ့ တစ်ရက်ပျမ်းမျှ တင်း ၅ဝဝ ဝန်းကျင် ရှိခဲ့ပြီး ယခုရက်ပတ်မှာ မန္တလေးကို တင်း ၃ဝဝဝ ကျော်နဲ့ ရန်ကုန်ကို တင်း ၁ဝဝဝ ကျော်တင်ပို့ စီးဆင်းသွားခဲ့ကြောင်း သိရပါတယ်။                                                                                                                                       ထွန်းလှိုင်