Main menu

Background

လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲတန်ချိန် ၄ သိန်းကျော်တင်သွင်းဖို့ အိန္ဒိယစာချုပ်ပြီး

Thu, 11/11/2010 - 10:20 -- Anonymous (not verified)

လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲတန်ချိန် ၄ သိန်းကျော်တင်သွင်းဖို့ အိန္ဒိယစာချုပ်ပြီး            အိန္ဒိယနိုင်ငံပိုင် အေဂျင်စီများဖြစ်တဲ့ PEC ၊ MMTC ၊ STC နဲ့ NCCF ကုမ္ပဏီများဟာ ယခု ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပမှ ပဲမျိုးစုံတန်ချိန် ၄ ဒသမ ၈၄ သိန်းတင်သွင်းဖို့ စာချုပ်ချုပ်ပြီးဖြစ်ကြောင်း သိရပါတယ်။ ယင်းပမာဏထဲက တန်ချိန် ၃ ဒသမ ၁၉ သိန်းမှာ ပြည်တွင်းကို ရောက်ရှိပြီး တန်ချိန် ၁ ဒသမ ၆၈ သိန်းကို အောက်တိုဘာလ ၂၅ ရက်နေ့အတွင်း အေဂျင်စီများရဲ့ သိုလှောင်ရုံများမှာ ထားသိုပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်အောက်တိုဘာ ၂၅ ရက်နေ့အထိ ကာလအတွင်း ပဲတန်ချိန် ၁ ဒသမ ၅၆ သိန်းကို အင်ဒရာပရာဒေ့ရှ်၊ တမီလ်နာဒူး၊ ရာဂျက်စသန်၊ မဟာရပ်ရှတရာ၊ ကီရာလာ၊ အတ္တရာပရာဒေ့ရှ်၊ ဟာရာနာ၊ ဟီမာချယ်ပရာဒေ့ရှ်နဲ့ ပန်ဂျပ် ပြည်နယ်များမှ ပြည်သူ့ရိက္ခာ ဖြန့်ဖြူးရေးဌာနများကို ပို့ဆောင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ် ပြည်ပမှ တင်သွင်းပဲ တန်ချိန် ၂ ဒသမ ၅ သိန်းကို ယင်းပြည်နယ်များရှိ အစိုးရပိုင် ရိက္ခာဖြန့်ဖြူးရေးဌာနများမှ တစ်ဆင့် အများပြည်သူများကို ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။                                                                                                  Sources: commoditycontrol