Main menu

Background

ပါကစ္စတန်နဲ့ အိန္ဒိယကိုတင်ဖို့ အဝယ်အချို့ရှိလို့ ပဲတီစိမ်းတန် ၂၄ဝဝ ခန့်တင်

Thu, 11/11/2010 - 10:34 -- Anonymous (not verified)

ပါကစ္စတန်နဲ့ အိန္ဒိယကိုတင်ဖို့ အဝယ်အချို့ရှိလို့ ပဲတီစိမ်းတန် ၂၄ဝဝ ခန့်တင်        ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပါကစ္စတန်နဲ့ အိန္ဒိယကိုတင်ပို့ဖို့ ပြည်ပ ဝယ်လက်အဝယ်အချို့ ရှိတာကြောင့် ယခု တစ်ပတ် (အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်)အတွင်းမှာလည်း တန်ချိန် ၂၄ဝဝ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ အသစ် ထွက်နေတဲ့ မကွေး၊ ပခုက္ကူဘက်က ပဲတီစိမ်းများဟာ ရန်ကုန်ဈေးကွက်ကို အဝင်နည်းပြီး မန္တလေးဘက်ကို အတက်များနေပြီး တရုတ်ဘက်ကို သွားနေတယ်လို့ သိရပါတယ်။ လတ်တလောအိန္ဒိယ ဈေးကွက်တွေမှာလည်း ပဲတီစိမ်းအသစ်တွေ ပေါ်နေတာ ဖြစ်လို့ ကာလတို အတွင်းမှာတော့ ပြည်ပအတင်က လက်ရှိပမာဏဝန်းကျင်မှာပဲ တင်ပို့နေရအုံးမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘဲ ပဲတီစိမ်း(အညာ) တစ်တန်ကို ကန်ဒေါ်လာ ၉၃ဝ-၉၄ဝ၊ ပခုက္ကူတစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ-၁၂၂ဝ ဖြစ်ကြောင်း သိရပါတယ်။                                               MIRT- MAPT