မုံရွာပဲတီ မန္တလေးဈေးကွက်ဆီသို့ မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီးဈေးကွက်အနေနဲ့ အောက်တိုဘာ စတုတ္ထပတ်မှာ နယ်စုံကပစ္စည်းအဝင် သွက်ခဲ့ပြီး တရုတ်ဝယ်လက်ရဲ့ ပစ္စည်းအနှုတ်အသိမ်းပေါ် မူတည်ကာ ဈေးအတက်အကျ ဖြစ်ပေါ်လျက်ရှိပါတယ်။ ယခုအပတ်ထဲမှာ ပဲတီစိမ်းကြီး တစ်တင်း အောက်စ ၂၃၅ဝဝ ကျပ်မှ ၂၅ဝဝဝ ကျပ်၊ ထိပ်စ ၂၇ဝဝဝ ကျပ်မှ ၂၈ဝဝဝ ကျပ်အတွင်း ပေါက်ဈေး ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်ကို အိတ် ၅ဝဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ဒီရက်ပတ်ထဲမှာ မန္တလေးလက်တစ်ခုထဲ တင်း ၃၅ဝဝ ကျော် မုံရွာ ကုန်စည်ဒိုင်နယ်မြေက တင်ပို့ခဲ့ကြကြောင်း လေ့လာ သိရှိရပါတယ်။ ထွန်းလှိုင်
Background