Main menu

Background

မန်းပဲတီစိမ်းဈေးကွက် ဈေးနိမ့်အရောင်းအဝယ်ဖြစ်

Thu, 11/11/2010 - 10:57 -- Anonymous (not verified)

မန်းပဲတီစိမ်းဈေးကွက် ဈေးနိမ့်အရောင်းအဝယ်ဖြစ်      ယခုတစ်ပတ် မန်းဈေးကွက်မှာ ပဲတီစိမ်းကို တရုတ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်တို့မှ ဝယ်ယူမှုရှိ နေသော်လည်း ယခင်အပတ်ထက် ဈေးနိမ့်လာတာကို တွေ့ရပါတယ်။ ဈေးကွက်အတွင်း လက်ကျန်ပဲတီစိမ်းများ ရှိသော်လည်း အရည်အသွေး ကောင်းပစ္စည်းများ နည်းလာခြင်း၊ အသစ်ဝင်ရောက်နေတဲ့ မကွေးတိုင်း အောင်လံဒေသများမှ ပဲတီစိမ်းများမှာ ကုန်အစိုဓာတ် များပြီး အရည်အသွေးနိမ့် သီးနံှများဖြစ်နေတဲ့အတွက် ဈေးနိမ့်နေတာဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်တစ်ချို့မှ ပြောပါတယ်။ ဈေးတက်ရင်လည်း တက်ဈေးနဲ့ ရောင်းဝယ်အားရှိသလို ကျရင်လည်း ကျဈေးနဲ့ အရောင်းအဝယ် ဖြစ်နေကြပါတယ်။ ယခင်တစ်ပတ်က ပဲတီစိမ်း တစ်ပိဿာ ၁၅၆၄ ကျပ်၊ တစ်တန် ၉၅၇၇ဝဝ ကျပ်ဈေးတို့နဲ့ ရောင်းဝယ်ခဲ့ကြပြီး ယခုအောက်တိုဘာလ နောက်ဆုံးပတ်မှာတော့ ပဲတီစိမ်း တစ်ပိဿာ ၁၄၄ဝ ကျပ်၊ တစ်တန် ၈၈၁၈ဝဝ ကျပ်ဈေးတို့ဖြင့်သာ ရောင်းဝယ်နေကြပါတယ်။ တစ်ပတ်အတွင်း တရုတ်တင်ပို့မှု အနေဖြင့် တန် ၃၆ဝဝ၊ ရန်ကုန်ကို တန် ၄၉ဝ တင်ပို့မှုရှိခဲ့ပြီး ဈေးကွက်အတွင်းမှာ အဓိကတရုတ်ဝယ်လိုအားပေါ် မူတည်သလို ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီးတော့လည်း ဈေးတက်လိုက်ကျလိုက်နဲ့ အရောင်းအဝယ်များဖြစ်နေအုံးမယ်လို့ ကုန်သည်များမှ ပြောဆိုနေကြပါတယ်။        ကျော်ကျော်မိုး