Main menu

Background

မုံရွာကုလားပဲအရောင်းအဝယ်သွက်နေဆဲ

Thu, 11/11/2010 - 11:04 -- Anonymous (not verified)

မုံရွာကုလားပဲအရောင်းအဝယ်သွက်နေဆဲ           အောက်တိုဘာ စတုတ္ထပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ ဝယ်လိုအားကောင်းနေတဲ့ အတွက် ဈေးဆက်လက်မာနေဆဲဖြစ်တာတွေ့ရပါတယ်။ ဗွီတူးနဲ့ ၉၂၉ တို့ကို ကြာဇံစက်သမားတွေ အဝယ်လိုက်ခဲ့ပြီး ကုလားပဲ တိုင်ပေကို တော့ ခွဲခြမ်းသမားတွေ ပုံမှန်ဆွဲယူမှုရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း ပေါက်ဈေးအနေနဲ့ ဗွီတူးတစ်တင်း ၂၂၅ဝဝ ကျပ်မှ ၂၂၇ဝဝ ကျပ်၊ ကုလားပဲတိုင်ပေ ၂၂ဝဝဝ ကျပ်မှ ၂၂၅ဝဝ ကျပ်နဲ့ ကုလားပဲ ၉၂၉ တစ်တင်း ၂၂၈ဝဝ ကျပ် အသီးသီးဆက်လက်ဈေးမာနေလျက်ရှိကာ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ရက်တင်း ၇ဝဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ကုလားပဲထပ်ဆင့် စီးဆင်းတင်ပို့မှုအနေနဲ့ မန္တလေးကို တင်း ၃၅ဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၁ဝဝဝခန့် ရှိတယ်လို့ သိရပါတယ်။                                                               ထွန်းလှိုင်