လက်ကျန်နည်းလာလို့ ပဲလွန်းဖြူ အပို့နည်း ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းမှ ပုံမှန်တင်ပို့မှုရှိနေတဲ့ ပဲလွန်းဖြူဟာ ယခုတစ်ပတ် (အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ) မှာတော့ တန်ချိန် ၁ဝဝ အောက်ကို လျော့ကျတင်ပို့လာတာ တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ ကိုရီးယားနဲ့ တရုတ်နိုင်ငံကို တင်ပို့ခြင်းဖြစ်ပါတယ်။ လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူဟာ ပြည်တွင်းအရောင်းအဝယ် အသင့်အတင့်သာရှိလို့ ဈေးနှုန်းပြောင်းလဲခြင်းမရှိတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်အတိုင်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ရှိပြီး အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၉ဝ ကိုကျဆင်းလာတယ်လို့ သိရပါတယ်။ MIRT - MAPT
Background